အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာလတွင် တွေ့ဆုံမည်

အောက်တိုဘာ ၂၉

     အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆန်ဖရန်စစ္စကိုမြို့၌ နိုဝင် ဘာလတွင် တွေ့ဆုံရန် အမေရိကန်နှင့် တရုတ်အစိုးရတို့ သဘော တူညီခဲ့ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ဖော်ပြောကြားသည်။

     အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်
ရေးဖိုရမ် အစည်းအဝေးကို ဆန်ဖရန်စစ္စကိုမြို့၌
နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။

       တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အောက် တိုဘာ ၂၇ ရက်က အိမ်ဖြူတော်တွင် သမ္မတဂျိုးဘိုင် ဒင်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် အမျိုးသားလုံခြုံ ရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့်လည်း သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

       အလားတူ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်နှင့် အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ခြောက်နာရီကြာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

      တွေ့ဆုံပွဲများအပြီးတွင် အမေရိကန်အစိုးရသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆောင်ရွက် ချက်များကို တန်ဖိုးထားကြောင်း၊ ခေါင်းဆောင်နှစ်ဦးတွေ့ ဆုံကာ မဟာဗျူဟာမြောက် ဆွေးနွေးမှုပြုလုပ်ရန် အရေးကြီးကြောင်း ဂျိုးဘိုင်ဒင်က သတင်း ထောက် များကို ပြောကြားသည်။

      ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဂျီ-၂၀ ထိပ်သီး အစည်း အဝေး၌ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။

#PAN