အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

အောက်တိုဘာ ၂၉

     အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီ ယန်တိုနှင့် ၎င်း၏ မဟာမိတ်ကိုယ်စားလှယ် ဂျီဘရန်း ရာကာဗူမီရာကာတို့သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သမ္မတလောင်းများအဖြစ် မှတ်ပုံတင်ခဲ့ကြကြောင်း သိရသည်။

      ပရာဘိုဂိုသည် တတိယအကြိမ်မြောက်အဖြစ် သမ္မတရာထူးကိုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည်လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ကို ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲများတွင် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။ ရာကာဗူမီရာကာသည် ဂျိုကိုဝီ၏ အကြီးဆုံးသားဖြစ်သည်။


“မိမိတို့၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် အင်ဒိုနီးရှား နိုင်ငံကို ဖွံ့ဖြိုးပြီး သာယာဝပြောကာကြွယ်ဝသော နိုင်ငံဖြစ်အောင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း” ပရာဘိုဘိုက ပြောကြားသည်။

        ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ သန်း ၂၀၀ ရှိသည်။ ဆူဘီယန်နှင့် ဂျီဘရန်းရာကာဗူမီရာကာတို့က ဂျိုကိုဝီ၏ စီးပွားရေးနှင့် လူမှုဖူလုံရေးမူဝါဒများစွာကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကတိပြုခဲ့သည်။

        အခြား သမ္မတလောင်းများမှာ ဗဟိုဂျာဗားဒေသ အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပယာနိုဂိုနှင့် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီဘတ်စ်ပီဒန်တို့ဖြစ် သည်။ ၎င်းတို့သည် နိုဝင်ဘာလနှောင်းပိုင်းတွင် မဲဆွယ်စည်းရုံးပွဲများကို စတင်မည်ဖြစ်သည်။

#PAN