အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီနှင့် ရောစပ်ထားသော ဇီဝလောင်စာသုံး လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

အောက်တိုဘာ ၂၉

        အင်ဒိုနီးရှားနိုင်ငံ၏ Garuda Indonesia လေ ကြောင်းလိုင်းသည် စားအုန်းဆီနှင့် ရောစပ်ထားသော ဇီဝလောင်စာသုံး လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း Garuda Indonesia လေကြောင်းလိုင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒါရိုက်တာ အီဖန်ဆက်ရှာပူထရာက ပြောကြားသည်။

       အဆိုပါ ဘိုးရင်း 737-800NG လေယာဉ်သည် ကီလိုမီတာ ၅၅၀ ခန့်အကွာရှိ ဘန်တန်ပြည် နယ်ရှိ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျာဗားအလယ်ပိုင်းရှိ အဒီဆိုမာမို အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ခရီးသည် ၁၀၀ ကျော် သယ်ဆောင်ပြီး ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဘိုးရင်း 737-800NG လေယာဉ်သည် ကီလိုမီတာ ၅၅၀ ခန့်အကွာရှိ ဘန်တန်ပြည် နယ်ရှိ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျာဗားအလယ်ပိုင်းရှိ အဒီဆိုမာမို အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ခရီးသည် ၁၀၀ ကျော် သယ်ဆောင်ပြီး ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

      “ဒါဟာ ပထမဆုံးအကြိမ်ပါ၊ စားအုန်းဆီနဲ့ ရောစပ်ထားတဲ့ ဇီဝလောင်စာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒီဇီဝလောင်စာကို သုံးပြီး တော့ ခရီးသည်တင်လေယာဉ် မောင်းနှင်မှုကို စမ်းသပ်ခြင်းပဲ ဖြစ်ပါတယ်”ဟု Garuda Indonesia ဥက္ကဋ္ဌ ဒါရိုက်တာ အီဖန်ဆက်ရှာပူထရာက ဆိုကာနို-ဟတ်တာ အပြည်ပြည်
ဆိုင်ရာလေဆိပ်၌ ပြောကြားခဲ့သည်။

      အစားထိုး ဇီဝလောင်စာသုံး လေယာဉ်ဆီကို အင်ဒိုနီးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PT Pertamina က ထုတ်လုပ်သည်။ အင်ဒိုနီးရှားသည်၎င်း၏လေယာဉ်ပေါ်တွင် အလားတူအခြားဇီဝလောင်စာဆီတစ်မျိုးဖြင့် ပထမဆုံးစမ်းသပ်ပျံသန်းမှုကို ၂၀၂၁ ခုနှစ်တွင် ပြု လုပ်ခဲ့သည်။

      အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အတွက် လောင်စာဆီတင်သွင်းမှု လျှော့ချရန် ဇီဝလောင် စာဆီသုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

#PAN