မြောင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF အလောင်း တစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိ

အောက်တိုဘာ ၂၉

      စစ်ကိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြစ်ဆုံကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းအတွင်း အကြမ်းဖက် PDF များက ခိုအောင်းနေထိုင်ကြောင်း၊ လက်နက်ခဲယမ်းများ သိုဝှက်ထားကြောင်း ဒေသခံရွာသားများက လုံခြုံရေးတပ်ဖွဲ့သို့ လျှို့ဝှက်သတင်း ပေးပို့လာသည်။

       အဆိုပါ သတင်းအရ ယမန်နေ့ နံနက် ၆ နာရီခန့်တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များသည် မြောင်မြို့ နယ်၊ မြစ်ဆုံကျေးရွာရှိ အဆိုပါ ရွာဦးဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များကို မတွေ့ရှိရကြောင်းနှင့် ဘုန်းကြီးကျောင်းအတွင်းမှ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်းမှုန့် (ရေသန့်ဘူး) ၁ ဘူး၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ အသက်ကယ်အင်္ကျီ ၂ ထည်၊ သံပိုက် ၁ လုံး၊ ကော်ပိုက် ၁ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး ၃လုံး၊ မြင်းခြံခရိုင်/တပ်ရင်းတံဆိပ်ပါအင်္ကျီ ၂ ထည်၊NLD တံဆိပ်ပါဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

       အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဒီပဲယင်းမြို့နယ်တွင် နယ် မြေ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များ သည် အုန်းတင်ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက် PDF ၁ ဦးကို အိုင်ကွန် ၁ လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN