အောက်တိုဘာ ၂၉
ကချင်ပြည်နယ်ရှိ မိုးကောင်း – မြစ်ကြီးနား – မိုးကောင်းရထားခရီးစဉ်အား နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး စတင်ပြေးဆွဲသည့်ရက်မှ ၇ ရက်အထိ အခမဲ့လိုက်ပါစီးနင်းခွင့်ပြုသွားမည် ဖြစ်ကြောင်း ကချင် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါသည်။
အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် မိုးကောင်း – မြစ်ကြီးနား – မိုးကောင်း မီးရထားခရီးစဥ် ပြန်လည် ပြေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ စတင်ပြေးဆွဲမည့် နေ့ရက်အတွက် ဖွင့်ပွဲအခမ်းအနားနှင့်အများပြည်သူ လုံခြုံပျော်ရွှင်စွာလိုက်ပါစီးနင်းနိုင်ရေး၊ ပြန်လည် ပြေးဆွဲမည့်နေ့ အပြင် နေ့ရက်အလိုက်ပြေးဆွဲသွားနိုင်ရေးအတွက် ရေရှည်အစီအမံများကို စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပါသည်။
ထို့အပြင် နိုဝင်ဘာလ ၁ ရက်ကနေ စတင်၍ ရထားပြေးဆွဲရာတွင် လိုက်ပါစီးနင်းသူများအား ၇ ရက်အထိ အခမဲ့ လိုက်ပါစီးနင်းနိုင်ရန် ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။
#PAN