စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၉

     လယ်ဝေးမြို့နယ်၊ မော်လမြိုင်မြို့နှင့် တာချီလိတ်မြို့တို့၌ စိတ်ကြွရူးသွပ်ဆေးဝါးများ သိမ်း ဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက် တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခွဲတွင် လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာအနီးတွင် စိုးရန်နိုင်(ခ)သဲသဲ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ် ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို လည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် သဇင်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုးဝင်း(ခ) ရွှေငါးအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၀၀ ကိုလည်း ကောင်း၊ ထို့အတူ အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ဝမ်မိုင်ကွက်သစ်အနီးတွင် အိုက်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ် တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN