အကြမ်းဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက ကော့ကရိတ်မြို့ကို တိုက်ခိုက်ရန် ချဥ်းကပ်၊ ယမန်နေ့က ဝင်ရောက်/ဆုတ်ခွာရာ နေရာအနီး ပြည်သူများ မြို့တွင်းသို့ ပြောင်းရွှေ့

အောက်တိုဘာ ၂၈

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ အကြမ်း ဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က လက် နက်ကြီးဖြင့် ပစ်ခတ်ရာကော့ကရိတ်မြို့၊ နေပူခံဘုရားကုန်းပတ်၀န်းကျင်အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

       ၎င်း အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့ နံနက်ပိုင်းမှစတင်၍ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာဘက်မှ ချဥ်းကပ်လာရာ လေသာကျောင်းအနားသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူများသည်အင်အားထပ်မံတိုးချဲ့လာရာ သတိပဌာန်ကျောင်းသစ်နှင့် လေသာကုန်းလမ်းကြားတွင် အင်အားအများအပြားရောက်ရှိနေကြောင်း သိရှိရသည်။

      မွန်းတည့် ၁၂ နာရီကျော်ပါက မြို့ထဲသို့ စတင် ၀င်ရောက်မည်ဖြစ်ကြောင်း ပြည်သူများအား တိုးတိုး တိတ်တိတ် သတိလိုက်ပေးနေကြောင်း၊ ယခု သတင်းရရှိချိန်တွင် လက်နက်ကြီးများ ပစ်ခတ်လျက်ရှိကြောင်း၊ ကော့ကရိတ်မြို့အတွင်း တပ်မတော်စစ်ကြောင်းများကလည်း နေရာယူထားပြီး အဆိုပါသောင်းကျန်းသူများ ခဥ်းကပ်ရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းလျက်ရှိကြောင်း မြို့ခံပြည်သူတစ်ဦးက သတင်းပေးပို့လာပါသည်။ 

      ကော့ကရိတ်များမြို့သို့ ယမန်နေ့က အကြမ်း ဖက်သောင်းကျန်းသူများ ဝင်ရောက်လာသည့် လမ်း ကြောင်းရှိ အခြေပြုရာဘုန်းကြီးကျောင်းနှင့် ပြန်လည်ဆုတ်ခွာရာလမ်း အမှတ်(၄)ရပ်ကွက်ရှိ လေသာကျောင်းနှင့်သတိပဌာန်ကျောင်းနားတစ်၀ိုက်မှ ပြည်သူများ၊ ကြာအင်းကုန်းဘက်ရှိ ပြည်သူများသည် ယနေ့ နံနက်ပိုင်းမှစတင်၍ အချို့မှာမြို့ထဲရှိ ဘုန်းကြီး ကျောင်းများသို့လည်းကောင်း၊ အချို့မှာ မြ၀တီမြို့သို့လည်းကောင်း ပြောင်းရွှေ့နေကြကြောင်း၊ ၎င်းဘုန်းကြီးကျောင်းနှစ်ကျောင်းမှ ရဟန်းသံဃာများသည် မြို့ထဲရှိ မြို့မကျောင်းသို့ ပြောင်းရွှေ့နေကြကြောင်း အဆိုပါ မြို့ခံပြည်သူက PAN သို့ ပြောလာပါသည်။

#PAN