မိန်းပြည်နယ်တွင် သေနတ်ဖြင့် ပစ်ခတ် သောင်း ကျန်းသူဟု သံသယရှိသူမှာ မိမိကိုယ်ကို သေနတ်ဖြင့် သတ်သေ

အောက်တိုဘာ ၂၈

       မိန်းပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ပစ်ခတ်မှုအတွင်း လူ ၁၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲခံထားရသော အမေရိကန်စစ်တပ်မှ အရန်တပ်သားတစ်ဦးကို နှစ်ရက်ကြာ ရှာဖွေပြီးနောက်တွင် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြည်နယ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

       မိန်းပြည်နယ်၊ လူးဝစ်စတန်မြို့ရှိ စား သောက်ဆိုင်တစ်ဆိုင်တွင် ဗုဒ္ဓဟူးနေ့က လူသတ်ပွဲ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော Robert Card ကို သောကြာနေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် Lewiston မြို့နှင့် ၁၀ မိုင်ခန့်အကွာ Lisbon ရေတံခွန်ဧရိယာရှိ Androscoggin မြစ်အနီးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟုပြည်နယ်ပြည်သူ့လုံခြုံရေးကော်မရှင်နာ Michael Sauschuck ကသတင်းထောက်များကို ပြောကြားခဲ့သည်။

      ကတ်သေဆုံးသွားသည့်အချိန်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ် ကြောင်း Sauschuck က ပြောကြားခဲ့ပြီး အာဏာ ပိုင်များက ပစ်ခတ်မှုတွင် အကြောင်း ရင်းကို ထုတ် ပြန်ကြေညာခြင်းမရှိသေးပေ။  အာဏာပိုင်များသည် ကတ်နှင့် ပတ်သက်သည့် အချက်အလက်များကို စနေနေ့နံနက်တွင် ထပ်မံထုတ်ပြန်ရန် ရည်ရွယ်ထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

      ဗုဒ္ဓဟူးနေ့ ညနေက ပစ်ခတ်မှုသည် တက္ကဆက်ပြည်နယ် Uvalde တွင်ရှိသည့် ကျောင်းတစ်ကျောင်း၌ ယမန်နှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနောက် ပိုင်း အမေရိကန်နိုင်ငံ၏ အသေအပျောက်အများဆုံး ပစ်ခတ်မှု ဖြစ်ပါ သည်။

#PAN