ဗီယင်နာအိုးပင်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့တဲ့ မက်ဗီဒက်ဗ်

အောက်တိုဘာ ၂၈

    ဗီယင်နာအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ် ဟာ ကွာတား ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ အောက်တိုဘာလ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ ဦးအဆင့်ပွဲမှာ မက်ဗီဒက်ဗ် ဟာ ဘူလ်ဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ် နဲ့ အကြိတ် အနယ် ယှဉ် ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

       ပြိုင်ဘက် ၂ ဦးစလုံးက ပြိုင်ပွဲတွေမှာ မကြာ ခဏဆုံတွေ့ခဲ့ဖူးတာဖြစ်သလို အပြန်အလှန်ရိုက် ချက်တွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပထမပွဲလတ်မှာ ဒီမီထရော့ဗ် က အနိုင်ရကာ ပွဲကိုဦး ဆောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယ ပွဲလတ်နဲ့ တတိယပွဲလတ်တွေမှာတော့ မက်ဗီဒက်ဗ် က အမှတ်တွေရယူနိုင်ခဲ့ပြီး နိုင်ပွဲတွေပြန်လည်ရရှိလာခဲ့တာ ဖြစ်ပါတယ်။

       အဆိုပါပွဲစဉ် ပွဲကစားချိန် ၂ နာရီနဲ့ ၆ မိနစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် မက်ဗီဒက်ဗ် က ၃း၆၊ ၆း၂၊ ၆း၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ မက်ဗီဒက်ဗ် ဟာ ကွာတားဖိုင်နယ်အဆင့်မှာ တစ်နိုင်ငံတည်းသားဖြစ်သလို ဆီဒင်အဆင့်(၈)ရထားတဲ့ ကာချာနော့ဗ် နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#PAN