ပါကစ္စတန်က အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ ၁၂၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးမောင်းထုတ်

အောက်တိုဘာ ၂၈

      ပြီးခဲ့သည့် တစ်ပတ်အတွင်း ပါကစ္စတန်မှ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ ၁၂၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးမောင်းထုတ်ခဲ့ကြောင်း တာလီဘန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

      အဆိုပါ ပြည်နှင်ဒဏ်ပေးမှုတွင် မိသားစုပေါင်း ၁၃၃၀ ပါ၀င်ပြီး အနည်းဆုံး လူ ၈၀၀၀ နှင့် ပါကစ္စတန် အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၁၀ ဦးလည်း ပါဝင်ကြောင်းသိရသည်။

      အောက်တိုဘာလ ၂၄ ရက်နေ့တွင် အဆိုပါရွှေ့ ပြောင်းနေထိုင်သူ ၄၃၆၉ ဦးအား Torkham နယ်စပ်မှတစ်ဆင့် ပါကစ္စတန်မှ“အတင်းအကျပ်” နှင်ထုတ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

      အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယမန်နေ့က ထုတ်ပြန်ထဲ့သည့် ကြေညာ ချက်တွင် အထောက်အထားမဲ့ အာဖဂန်ဒုက္ခသည် ၁.၄ သန်းကျော် ပါကစ္စတန်နိုင်ငံမှ ပြန်ပို့ခံရတော့မည့် အခြေ အနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေကြောင်းသိရသည်။

     ပါကစ္စတန်အစိုးရမှ အဆိုပါဒုက္ခသည်များအား နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတွင်းမှ ထွက်ခွာရန် ထုတ်ပြန်ကြေညာထားသည်။

#PAN