ကော့ကရိတ်မြို့ အရပ်သားပြည်သူများ၏ နေ အိမ်များပေါ်သို့ အကြမ်းဖက်သောင်း ကျန်းသူများက Drop Bomb များပစ်ချတိုက်ခိုက်

အောက်တိုဘာ ၂၈
     
       အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ ယနေ့ မွန်း လွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ခေါင်းဆောင်/အင်အား (စိစစ်ဆဲ) သောင်းကျန်းသူအဖွဲ့များက Drone ယာဉ် ၁ စီးဖြင့်  Drop Bomb ၁ လုံး ပစ်ချခဲ့ရာ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ် ကွက်၊ ဗိုလ်ချုပ်လမ်း၊အမှတ်(၃၈၄) နေ ဦးရွှေဘ၊ ၇၀ နှစ်၊ (ဘ)ဦးဟာမက်ဂျီ၊ မှီခို၊ မွတ်ဆလင်/အစ္စလာမ်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

      ထိုသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်၏ ခေါင်မိုး(၈×၃)ပေ သွပ်(၃)ချပ်ပျက်စီးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ၁ သိန်းကျပ်ခန့်ဖြစ်ကြောင်းနှင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း ၎င်းနောက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အမှတ်(၃) ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြန်မာဆက်သွယ်ရေးနှင့် စာတိုက်လုပ်ငန်းရုံးပေါ်သို့ ထပ်မံ၍ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မြန်မာဆက်သွယ်ရေးနှင့် စာတိုက်လုပ်ငန်းရုံး၏ ခေါင်မိုးပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး စာတိုက်ရုံး၏ ခေါင်မိုး(၈ × ၃)ပေ သွပ် ၆ ချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူတိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါ သည်။

#PAN