ကာဇက်စတန်တွင် မိုင်းတွင်းမတော်တဆမှုဖြစ်ပြီး လူ ၃၀ ကျော်သေဆုံး

အောက်တိုဘာ ၂၈

      လူဇင်ဘတ်အခြေစိုက် ArcelorMittal ကုမ္ပဏီ၏ မိုင်းတွင်း မီးလောင်မှုမှာ လူ ၃၂ ဦး သေဆုံးခဲ့ကြောင်း ကာဇက်စတန်အစိုးရမှ ထုတ် ပြန်ခဲ့သည်။

      သမ္မတ Kassym-Jomart Tokayev မှ ArcelorMittal ကုမ္ပဏီအား ကျွန်ုပ်တို့၏သမိုင်းတွင် အဆိုးဆုံးကုမ္ပဏီဟုပြောဆိုခဲ့ပြီး အဆိုပါကုမ္ပဏီအား ရပ်ဆိုင်းထားသည့်အပြင် ပြည်သူပိုင်အဖြစ်သိမ်း ဆည်းရန် လုပ်ဆောင်နေကြောင်းသိရသည်။

      ArcelorMittal သည် ဘေးကင်းရေးနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ စည်းမျဉ်းများကို လေးစားလိုက်နာရန် ပျက်ကွက်သည်ဟု ပုံမှန်စွပ်စွဲခံရပြီး လက်ရှိမတော်တဆမှုသည် မီသိန်းယိုစိမ့်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သံယရှိနေကြသည်။

      အဆိုပါ မတော်တဆမှုဖြစ်ပွားသည့် လုပ်ငန်းတွင် ၂၅၂ ဦးရှိပြီး ၂၀၆ ဦးကို ဘေးလွတ်ရာရွှေ့ ပြောင်း ကယ်ဆယ်နိုင်ခဲ့ပြီး လုပ်သား ၁၄ ဦးပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။

#PAN