NUG အကြမ်း ဖက်အဖွဲ့၏ MOD က ဆောင်းဦးစစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်သောင်း ကျန်းသူ ကျားဖြူစစ်ကြောင်းနှင့် Cobra စစ် ကြောင်းတို့ကို ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း တိုက်ကွက်ဖော်ရန် အမိန့်ပေး

အောက်တိုဘာ ၂၇

      ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေစိုက် ခလရ(၉၇)ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိုသို့တိုက်ခိုက်ရန် ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူးအဆင့်ရှိ စောကျော်သက် က ကျားဖြူခွဲ(၅)မှ ခွဲမှူးအဆင့်ရှိ ကိုဇွဲ(ခ)ဇွဲဟိန်းခန့်နှင့် ကျားဖြူစစ်ကြောင်း လုံခြုံရေးတပ်ခွဲမှ ခွဲမှူးအဆင့်ရှိ ကိုသန့်(ခ)သံချောင်း တို့ကို ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန့်က ရုတ်တ ရက် အမိန့်ပေးခဲ့သည်ဟု သိရပါသည်။

       ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့၏ MOD က ”ဆောင်းဦးစစ်ဆင်ရေး” ဆိုပြီး စစ်ဆင်ရေးအား စတင်ခိုင်းလိုက်ပြီဖြစ်ကြောင်း၊တာဘော(Cobra စစ်ကြောင်း မှ စစ်ဆင်ရေးမှူးအဆင့်ရှိသူ)တို့ အဖွဲ့သည်လည်း ကျိုက်ဒုံ(ကြာအင်းဆိပ်ကြီးမြို့နယ်)ကို ဝင်တိုက်ရန်လည်း အမိန်ပေးထားကြောင်း၊ ၎င်းတို့သည် စစ်တိုက်ရန် အသင့်မဖြစ်သေးသော်လည်း စောကျော်သက် က လက်နက်၊ ခဲယမ်းပြည့်စုံမှ စစ်ဆင်ရေး စတင်မည်ဆိုလျှင် ဘယ်တော့မှ စစ်တိုက်ဖြစ်မှာမဟုတ်တာ့ဘူးဆိုပြီး ယခုစစ်ဆင်ရေးအား ရုတ်တရက် စတင်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

     မြင့်ဇော်(ကျားဖြူခွဲ(၄)မှ ခွဲမှူးအဆင့်ရှိသူ) တို့အဖွဲ့သည်လည်း စစ်ဆင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ပြီး ၎င်းတို့အဖွဲ့များအားလုံး စစ်ဆင်ရေးအတွက် ယနေ့ည အပြီးပြင်ဆင်မှရမည်ဖြစ် ကြောင်း၊ ၎င်းတို့အနေဖြင့် ခလရ(၉၇)အား အဓိက သိမ်းပိုက်ရမည်ဟု ဆရာပွဲတော်(ကျားဖြူစစ်ကြောင်း ပူးပေါင်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်တစ်ဦး)မှ ပြောနေကြောင်း၊ ယနေ့နံနက်ပိုင်းက DKBA အဖွဲ့ဝင်တစ်ဦးသည် M16 သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၆ ခု၊ ကာဘိုင်သေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၅ ခု၊ လက်ပစ်ဗုံး ၅ လုံးနှင့်အတူ ၎င်းတို့ထံသို့ ဘက်ပြောင်းခိုလှုံလာရာ ထို DKBA အဖွဲ့ဝင်အား ဆရာပွဲတော်ထံတွင် ထိန်းသိမ်းထားကြောင်း၊ ထို DKBA အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးသွားမှုကြောင့် ကော့ကရိတ်မြို့၊ ဝါဆိုဦးဘုန်းကြီးကျောင်းအနီးရှိ ဂိတ် ၂ ဂိတ်စလုံးကို တပ်မတော်မှ ပိတ်လိုက်ပြီဖြစ်ကြောင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင် နီးစပ်သူ ဒေသခံရွာသားမှ သတင်းပေးပို့လာပါသည်။

     ကျားဖြူခွဲ(၅)မှ ခွဲမှူးအဆင့်ရှိ ကိုဇွဲ(ခ)ဇွဲဟိန်းခန့်နှင့် ကျားဖြူစစ်ကြောင်း လုံခြုံရေးတပ်ခွဲမှ ခွဲမှူးအဆင့်ရှိ ကိုသန့်(ခ)သံချောင်း တို့မှာ ကော့ကရိတ်မြို့နယ်၊ ကောင်းမှုရွာဝန်းကျင်တွင် အခြေပြုနေကြောင်း သတင်းရရှိပါသည်။

#PAN