ဒီပဲယင်းမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် လုံခြုံ ရေးတပ်ဖွဲ့များသည် နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF များ၏ အလောင်းများနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် နယ်မြေရှင်းလင်းစဥ် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဘုတ် ထမ်းကျေးရွာအနီး၌ အကြမ်းဖက် PDF များနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရပါသည်။

        ထိုသို့ တိုက်ပွဲဖြစ်ပွားရာ၌ အကြမ်းဖက် PDF များမှာ ၎င်းတို့၏ PDF အလောင်းများကို သယ်ဆောင်နိုင်ခြင်းမရှိဘဲ ဖရိုဖရဲ ဆုတ်ခွာထွက် ပြေးသွားကြရကြောင်း အဆိုပါကျေးရွာမှ ရွာသားများထံမှ ကြားသိရသည်။

       အဆိုပါ တိုက်ပွဲအပြီးတွင် အကြမ်းဖက် PDF ၂ လောင်း၊ အမ် -၂၂ ကျည်အိမ် ၁ ခု၊ တရုတ်စက်လတ် (ကျည်ခါးပတ်တွဲ) ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

      အလားတူ မြောင်မြို့နယ်၊ ဇီးကျွန်းကျေးရွာတွင် အကြမ်းဖက် PDF များက ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းသိုဝှက်ထားကြောင်း ဒေသခံရွာသားများ၏ လျှို့သတင်းပေးပို့လာမှုကြောင့် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်း လင်းရာ အဆိုပါကျေးရွာရှိ ကျေး လက်ဆေးပေးခန်းအတွင်းမှ  အကြမ်းဖက် PDF များ ငိမ်းဆည်းထားသော မိုင်း ၄ လုံး၊ စလစ်အိုးအခွံ ၁၀ ခု၊ ဒီတိုနေတာ ၁၅ ချောင်း၊ ၁၂ ဗို့ကျည် ၆ တောင့်၊ ရှော့တိုက်ဗုံးသီး ၁ လုံး၊ ဘက္ထရီအိုး ၆ လုံး၊ လည်တိုဖိနပ် ၄ ရံ၊ လည်ရှည်ဖိနပ် ၂ ရံ၊ နိုလွန်ကြိုး ၁ ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါ သည်။

     အကြမ်းဖက် PDF များသည် ကျေးရွာများရှိ စာ သင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းတို့တွင် အခြေပြုပြီး ကျေးရွာများမှ ဆက် ကြေးကောက်၊ အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်ကြကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် ကျီးလန့်စာစားနေကြရကြောင်း၊ ယခုလို အခြေအနေမျိုးတွင် ကြာရှည်မနေလိုကြသဖြင့် အကြမ်းဖက် PDF များ၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ လျှို့ဝှက် ပေးပို့ကြကြောင်း ဒေသခံရွာသားများမှ ပြောကြားလာသည်။    

#PAN