လောင်းကစားမှုကြောင့် ၁၀ လ ပွဲပယ်ခံရတဲ့ တိုနယ်လီ

အောက်တိုဘာ ၂၇

      နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီ ဟာ လောင်းကစားပြုလုပ်ခဲ့တာကြောင့် ဆယ်လ ပွဲပယ်ပြစ်ဒဏ်ကို ရရှိခဲ့ပါတယ်။ အခုပြစ်ဒဏ်ကြောင့် တိုနယ်လီ ဟာ လာမယ့်နှစ် ဩဂုတ်လအထိ ဘောလုံးကစားခွင့် မရှိတော့တာ ဖြစ်ပါတယ်။

     တိုနယ်လီနဲ့အတူ ဇာနီယိုလို ဟာ တရားမဝင်လောင်းကစားလုပ်လို့ စစ်ဆေးခံနေရပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းက နီကိုလာဖာဂျီယိုလီ လည်း စစ်ဆေးခံနေရပါတယ်။ ဖာဂျီယိုလီက အစိုးရရှေ့နေတွေဆီမှာ တိုက်ရိုက်ဝန်ခံခဲ့လို့ ၇ လပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားပါတယ်။

       ဖာဂျီယိုလီ က အခုလိုဝန်ခံခဲ့လို့ သုံးနှစ်လောက်ပွဲပယ်ခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာပါ။ တိုနယ်လီ ရဲ့ အေးဂျင့်က သူ့ကစား သမားဟာ လောင်း ကစားလုပ်တာစွဲလန်းနေတယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းမယ်ဆိုပြီး ပြောကြားခဲ့တယ်။

#PAN