လောင်းကစားကိစ္စကြောင့် တိုနယ်လီကို ၁၀ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်

အောက်တိုဘာ ၂၇

လက်ရှိ နယူးကာဆယ်အသင်းမှာ ကစားနေတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့မှုနဲ့ ၁၀ လ ပွဲပယ်ပြစ်ဒဏ်မှတ်ခံခဲ့ရပါတယ်။ တိုနယ်လီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရှေ့နေတွေငှားရမ်းပြီး ချေပခဲ့ပေမဲ့ ပြစ်မှုထင်ရှားခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် တိုနယ်လီဟာ ရာသီပြီးဆုံးတဲ့အထိ ပွဲပယ်ခံရမှာဖြစ်လို့ နယူးကာဆယ်အသင်းအတွက် ဆက်လက်ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ တိုနယ်လီရဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အပေါ် ဖီဖာနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တွေကလည်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။