မြန်မာနိုင်ငံမှာ ကိုယ်ဝန် ၉ လ နဲ့အထက် ကိုယ် ဝန်ဆောင်တွေကို လေယာဉ်စီးခွင့်မပြု

အောက်တိုဘာ ၂၇

      မြန်မာနိုင်ငံမှာ ကိုယ်ဝန် ၉ လနဲ့အထက် ကိုယ် ဝန်ဆောင်များကို လေယာဉ်စီးနင်းခွင့်မပြုတော့ကြောင်း  လေယာဉ် လက်မှတ်ရောင်းချတဲ့ ကုမ္ပဏီတွေကနေ သိရပါတယ်။ လေယာဉ်လက် မှတ်အရောင်းဌာနတွေကို လတ်တလောမှာ မြန်မာ့လေ ကြောင်းကနေ ကိုယ်ဝန်ဆောင်များ လေယာဉ်စီးနင်းရာတွင် လိုက်နာရမယ့်အချက်များနဲ့ ကိုယ် ဝန် ၉ လနဲ့ အထက်ကိုယ်ဝန်ဆောင်တွေကို လေ ယာဉ်စီးနင်းခွင့် မပြုရန် အကြောင်း ကြားထားတယ်လို့ ဆိုပါ တယ်။

       ကိုယ်ဝန်ဆောင်တွေ လေယာဉ်စီးနင်းခွင့်နဲ့ပတ် သက်တဲ့ သတ်မှတ်ချက်တွေက နိုင်ငံတကာတွင် ယခင်ကရှိခဲ့ ပေမယ့် မြန်မာနိုင်ငံမှာတော့ ယခုမှသာ မြန်မာ့လေကြောင်းကနေ လေယာဉ်လက်မှတ်အရောင်းဌာနတွေကို အသိပေး ကန့် သတ်လိုက်တာလို့ သိရပါတယ်။ကိုယ်ဝန်ဆောင်များ လေယာဉ်စီးရန်အတွက် သတ်မှတ်ထားတဲ့အချက် များမှာ ကိုယ်ဝန် ၁ ပတ်မှ ၂၈ ပတ်အထိ ဖြစ်ပါက ဆရာဝန်ပြထားတဲ့ ဆေးမှတ်တမ်း (သို့မဟုတ်) သတ်မှတ်ထားသော ဆေးရုံများမှ လေယာဉ် စီးနင်းခွင့် ထောက်ခံစာ (Fit to Fly)၊ ဆေးထောက်ခံစာ၊ ကိုယ်ဝန် ၂၈ ပတ်မှ ၃၅ ပတ်ဆိုပါက သတ်မှတ် ထားသော ဆေးရုံများမှ Fit to Fly ဆေးထောက်ခံစာ၊ ကိုယ်ဝန် ၃၅ ပတ်မှ ၃၆ ပတ်အထိဆိုပါက ဆရာဝန် (သို့မဟုတ်) သူနာပြု တစ်ယောက် အတူလိုက်ပါရမှာဖြစ်ပြီး ကိုယ်ဝန် ၃၆ ပတ်ကျော်ပါက လေယာဉ်စီးနင်းခွင့်လုံးဝ ခွင့်မပြုကြောင်း သိရပါတယ်။

      ၂၀၂၃ ခုနှစ်အတွင်းမှာပဲ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က တာချီလိတ်ကနေ ရန်ကုန်သို့ပျံသန်းမယ့် Air KBZ လေယာဉ်ပေါ်တွင် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခဲ့တဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီးလေယာဉ်ကို တာချီလိတ်လေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကာ ပရဟိတအသင်း တစ်ခုမှ တာချီလိတ်မြို့ နယ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

#PAN