မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်ထဲတွင် တရားမဝင် ရွှေမျော ၆၀၀ ကျော်ခန့်ရှိပြီး အကြမ်းဖက်  PDF များ လစဥ် ဝင်ငွေ သိန်းသောင်းချီ ရနေ၊ ချင်းတွင်းမြစ်ကြီးအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဒေသခံများမှ လိုလား

အောက်တိုဘာ ၂၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်ထဲတွင် တရားမဝင် ရွှေမျောများ မောင်းနေကြသည်မှာ ရွှေမျောဖောင် ၆၀၀ ကျော်ခန့် ရှိကြောင်း၊ အကြမ်းဖက်  PDF များ စိုးမိုးထားသော မှုံကြီးရွာတွင် ရွှေမျော ၄၀၀ ခန့်၊ ဖဲကဇက်ရွာတွင် ရွှေမျော ၁၄၀ ခန့် မောင်းနေကြပြီး ဖဲကဇက်ရွာမှ NLD ရပ်ကျေးပါတီဥက္ကဋ္ဌ​ ဟောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း  ဦးမောင်လှိုင်နှင့် ဦးအောင်သိုက် တို့မှ တာဝန် ခံ၍ ငွေများကောက်ခံ ထောက်ပို့လုပ်နေကြကြောင်း၊အကြမ်း ဖက် PDF များကို မျောဝင်ကြေး တစ်မျောကို ကျပ်သိန်း ၅၀ ကောက်ခံပေးရကြောင်း၊ ဒေသဆိုင်ရာ တာဝန်ရှိသူများကိုလည်း မျောတစ်ဖောင်ကို ၂၅ သိန်း ကောက်ခံပေးရကြောင်း​​ ဒေသခံရွာသားများထံမှ သိရပါသည်။

       အကြမ်းဖက် PDF များသည် ရွှေမျောများမှ လစဥ်ငွေ သိန်းသောင်းကျော်ရရှိနေပြီး လက်နက်နှင့် လူအင် အား ပိုမိုတောင့်တင်းလာသည်ဟု သိရပါသည်။  နယ်ပေါင်းစုံမှ လူအများလာရောက်နေထိုင်လုပ်ကိုင်ကြ၍ အနီးနားရှိ ပြည်သူ့စစ်ရွာများနှင့် မော်လိုက်မြို့ကို အကြမ်းဖက် PDFများ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြရပါသည်။

      ဖဲကဇက်ရွာအနီးရှိ ရိုးလာ၊ဆွတ်နန်းနှင့် ရှားပင်၊အိုးဘို၊ကင်းတပ်ရွာများတွင်လည်း ရွှေမျောများ ၁၀၀ ခန့် မောင်းနေကြသည်ဟု ဆိုသည်။ ချင်းတွင်းမြစ်အတွင်း တွင် ကလေးဝမြို့နယ် မစိန်ရွာနှင့် ဖောင်းပြင်မြို့နယ် သငါရွာအနီး ဖရုံချောင်းနှင့် ကယားရွာများတွင်လည်း တရားမဝင်ရွှေမျောများ မောင်းနေကြ၍ အကြမ်းဖက် PDF များမှာ လစဥ် ဝင်ငွေ သိန်းသောင်းချီ ရနေကြပါသည်။

     ထိုသို့ ဝင်ငွေကောင်းလာကြသဖြင့် အကြမ်း ဖက် PDF အင်အား​ ပိုမိုကြီးထွားလာနိုင်သည်ဟု ဒေသခံပြည်သူများက ဆိုသည်။ ထို့အပြင် ၎င်း ရွှေမျောများကြောင့် သဘာဝပတ်ဝန်းကျင်ပျက် စီးလာနေသဖြင့် ချင်းတွင်းမြစ်ကြီးအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဒေသခံ တာဝန်သိပြည်သူတစ်ဦးမှ သတင်း ပေးပို့လာပါသည်။

#PAN