ဗန်းမော်တက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး ရွှေကူမြို့နယ်သို့ ပြန်လာသော ကျောင်းသား / သူများကို အကြမ်း ဖက်သောင်းကျန်းသူ KIA/ DF များက ဖမ်းဆီး

အောက်တိုဘာ ၂၇
     
      ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်မှ ဗန်းမော်တက္ကသိုလ်သို့ ကျောင်းတက် စာမေးပွဲဖြေဆိုပြီး ပြန်လာကြသော တက္ကသိုလ်‌ ကျောင်းသား/သူများကို ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ် ဆက်သွယ်ထားသော ကားလမ်းပေါ်နှင့် ဧရာဝတီမြစ်ကြောင်းလမ်းပေါ်ရှိ ဇင်းဘုံကျေးရွာ ၊ ‌ကားလမ်းပေါ်ရှိဒေသအခေါ် ဝေဆင်းဂိတ်နှင့် ကချင်သေဂိတ်များတွင် အောက်တိုဘာ လ ၂၅ ရက်နှင့် ၂၆ ရက်နေ့ များတွင် အကြမ်း ဖက်သောင်းကျန်းသူ KIA/ DF များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံရွာသားများ ပြောကြားချက်အရ သိရသည်။

      အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူများ သည် ဗမာတိုင်းရင်သားကျောင်းသား / သူများကို ငွေဖြင့် ရွေးခိုင်ပြီး ကချင်တိုင်းရင်းသား ကျောင်းသား / သူများကို တစ်ခါတည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

       ယခုအခါ ဗန်းမော်မြို့မှ ရွှေကူမြို့သို့ ပြန်လာမည့် ကျောင်းသား / သူများမှာ မပြန်ရဲပဲဖြစ်နေကြောင်း၊ ရွှေကူမြို့နယ်မှ ကျောင်းသား / သူတို့၏ အခက်အခဲ ဖြေရှင်းပေးစေလိုကြောင်း ရွှေကူမြို့နယ်မှ အဆိုပါ ကျောင်းသား / သူများ၏ မိဘများက အကူအညီတောင်းခံလျက်ရှိပါသည်။

#PAN