ကော့ကရိတ်မြို့ နယ်မြေခံတပ်ရင်း ခလရ (၉၇) တပ်ရင်းဌာနချုပ်ကို အကြမ်းဖက်သောင်းကျန်း သူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များကလာရောက် တိုက်ခိုက်

အောက်တိုဘာ ၂၇

     ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ဘက် ရှိ ဆင်ကုန်းစခန်း မြောက်ဘက်ရှိ  အမှတ်(၃) ဂိတ် လုံခြုံရေးအဖွဲ့များနှင့် ရုံးကြီးအနောက်ဖက် နယ်မြေခံတပ်ရင်း ခလရ(၉၇)တပ်ရင်းဌာနချုပ်တို့ကို ယနေ့ နံနက် ၅ နာရီ ၃၄ မိနစ်အချိန်မှစ၍ အကြမ်းဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက တစ်ချိန်တည်း၀င်ရောက် ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရသည်။

      ထိုသို့ လာရောက်တိုက်ခိုက်ရာ တပ်ရင်းဌာန ချုပ်မှ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း၊ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ် ကြောင်း၊ တပ်မတော်ဖက်မှ ကြိုတင်သတင်းရရှိထား၍ ကောင်းစွာ ပြန်လည်ခုခံထားနိုင်ကြောင်း၊ လေကြောင်းပစ်ကူပေးရန် ဆောက်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

       ၎င်းအပြင် ငါးတိုင်တောင်ပြတ်ဘုန်းကြီး ကျောင်းနှင့် ရွာထဲတွင် အကြမ်းဖက်သောင်း ကျန်းသူများ အင်အားအများအပြားရောက်ရှိနေကြောင်း အမက ၁၆ စာသင်ကျောင်း၊ ကြာအင်းကုန်းဘက်တွင် အကြမ်းဖက်အများအပြားရောက်ရှိနေကြောင်း၊ တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံရွာသားများက သတင်းပေးပို့လာပါ သည်။

#PAN