၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၀၂) တွဲ ရောင်းချနိုင်ခဲ့

အောက်တိုဘာ ၂၆

    နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၇၀၂ တွဲကိုရောင်းချနိုင်ခဲ့သည် သိရပါသည်။

     အဆိုပါပြပွဲ ပဉ္စမနေ့တွင် မဏိရတနာကျောက်စိမ်းခန်းမရှိ သတ်မှတ်နေရာများ၌ ခင်း ကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ ၄,၀၄၅ တွဲကို ပြည်တွင်း/ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြသည်။

     အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက် စိမ်းအတွဲ ၇၅၀ အတွက် အဆိုပြုလွှာများကို တင်ဒါပုံးများ အတွင်း ထည့်သွင်းပြီးနောက် တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၇၀၂ တွဲကို ရောင်းချနိုင်ခဲ့သည်ဟု သိရပါသည်။

      ပြပွဲ ဆဋ္ဌမနေ့ဖြစ်တဲ့ အောက်တိုဘာလ ၂၅ ရက်တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ တွဲကို ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကာ ကျန်ရှိသည့် ကျောက်စိမ်း အတွဲများကို အောက်တိုဘာလ ၂၈ ရက်အထိ ရောင်းချပေးသွားမှာ ဖြစ်သည်ဟု သိရပါသည်။

#PAN