ဟိုချီမင်းမြို့တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၀ ဦးအနက် ၁၈ ဦး၌ HIV ရောဂါပိုး တွေ့ရှိ

အောက်တိုဘာ ၂၆

    ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၀ ဦးအနက် ၁၈ ဦး၌ HIV ရောဂါပိုးတွေ့ရှိခဲ့ကြောင်း Vietnam News Agency က အောက်တိုဘာလ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။ မျောက်ကျောက် ရောဂါကြောင့် အသက် ၂၇ နှစ်အမျိုးသားတစ်ဦး ပထမဆုံး သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူသည် HIV/AIDS ရောဂါနောက်ဆုံးအဆင့်ဖြစ်ပွားနေသူဟု သိရသည်။

       ဟိုချီမင်းမြို့ရှိ ရောဂါဖြစ်ပွားသူ ၂၀ ဦးစလုံးသည် အပူပိုင်းဒေသရောဂါများကုသမှုဆေးရုံတွင် ကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၂ ဦးမှာ အခြားရောဂါ ကူးစက်မှု များကြောင့် စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ အခြားလူနာများမှာမူ ကျန်းမာ ရေးကောင်းမွန် လျက်ရှိကြောင်း Vietnam Television (VTV) က ဖော်ပြခဲ့သည်။

     လက်ရှိဖြစ်ပွားခဲ့သော မျောက်ကျောက်ရောဂါမှာ နိုင်ငံရပ်ခြားနှင့်ဆက်စပ်နေသည်ကို မတွေ့ရှိ ရကြောင်း၊ ဒေသခံကျန်းမာရေးအဖွဲ့များကလည်း ဒေသအတွင်းရောဂါကူးစက်မှု ရှာဖွေရေး ဆောင် ရွက်ချက် များကို အရှိန်မြှင့်တင်ခြင်း၊ ဆေးရုံများရှိ ရောဂါကူးစက်လွယ်သောအုပ်စုများကို အလေးထား ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြင်ပမှဗိုင်းရပ်စ်ဝင်ရောက်မှု ကာ ကွယ်ခြင်းစသည်တို့ လုပ်ဆောင် လျက်ရှိကြောင်း VTV ဖော်ပြချက်အရ သိရသည်။

#PAN