ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာရှိ စာသင် ကျောင်း အတွင်း အကြမ်း ဖက် PDF များက စစ်စခန်းအဖြစ်အသုံးပြု၍ လက်နက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းသိုလှောင်ထား

အောက်တိုဘာ ၂၆
     
       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း အကြမ်း ဖက် PDF များက လက်နက် ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းသိုလှောင်ထားကြောင်း ဒေသခံရွာသားများ၏ လျှို့ဝှက်သတင်း ပေးပို့လာမှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

     ထိုသို့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါ စာသင်ကျောင်းအတွင်းမှ အကြမ်းဖက် PDf များ၏ လက်လုပ်သေနတ် (အရှည်) ၅ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၈ လုံး၊လက် လုပ်စိန်ပြောင်းဗုံးသီး ၂၄ လုံး၊ လက်လုပ်လက် ပစ်ဗုံး ၄၄ လုံး၊ ကျည်ကာအင်္ကျီ ၁၅ ထည်၊ ဝါယာကြိုး ၁၀ ခွေ၊ ယမ်းကြိုး ၂ ခွေ၊ စနက်ကြိုး ၂ ခွေ၊တိုက်ကြိုး ၂ ခွေ၊ ဆိုင်ကယ်ဘက္ထရီအိုး ၂၀ လုံး၊ တိုက်ခလုတ် ၁၅ ခု၊ သံတို/သံစ (၂၀ ပိဿာခန့်) ၁ ပုံးတို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

       အကြမ်းဖက် PDF များသည် ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းတို့တွင် အခြေပြုပြီး ကျေးရွာများမှ ဆက် ကြေးကောက်၊ အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်ကြကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကြောင့် ကျေးရွာနေပြည်သူများအခက်အခဲဖြစ်ကြရကြောင်း၊ စာသင် ကျောင်းများ ပိတ်ထားရ၍ ကျောင်းသူ၊ကျောင်းသားများ စာသင်ကြားခွင့် ဆုံးရှုံးရကြောင်း၊ ယခုလို အခြေ အနေမျိုးတွင် ကြာရှည်မနေလိုကြသဖြင့် အကြမ်းဖက် PDF များ၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ လျှို့ဝှက် ပေးပို့ကြကြောင်း ဒေသခံရွာသားများမှ ပြောကြားလာသည်။

        ထိုသို့ အကြမ်းဖက် PDF များက စာသင် ကျောင်းများကို စစ်စခန်းအဖြစ်အသုံးချနေခြင်းဖြင့် နိုင်ငံ တ ကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေသည်ကို နိုင်ငံတကာက မည့်သည့်အကြောင်းကြောင့် ရေငုံနှုတ်ပိတ်နေသည်ကို မေးခွန်ထုတ်စရာဖြစ်နေသည်။

#PAN