နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံခဲ့


အောက်တိုဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ် ကြီး အီဂေါမီရှုသ်ကင် (Lieutenant General Igor MISHUTKIN) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နွေးထွေးစွာကြိုဆို

ထိုသိုတွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့်တကွ အဖွဲဝင်များအား မိမိအနေဖြင့် လှိက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း ဦးစွာပြောကြားသည်။

ထိုနောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံစစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးက ယခုကဲ့သို မိမိတို ကိုယ်စားလှယ် အဖွဲအား လှိက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်း သားများ စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတိုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) ၏ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ (Honorary Professor of the Russian Military University) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲများ၏ ဆုံးဖြတ် ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် ချီးမြှင့်အပ်နှင်း ပေးအပ်နိုင်ခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက် မိပါ ကြောင်း ပြန်လည်ပြောကြားသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

ဆက်လက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကားသင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပြီး မြန်မာဘာသာစကားကို တိုး ချဲ့သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင် ရွက်ပေးစေလိုမှု အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်တိုသည် ပြည်သူကပေါက်ဖွားလာသည့် တပ်မ တော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ကျောင်းအုပ်ကြီးတိုသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

PAN