ဒီပဲယင်းမြို့နယ်၊နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွား PDF ၂ ဦးကို လက်နက်ခဲယမ်းအချို့နှင့်အတူ အသေဖမ်းဆီးရမိ

အောက်တိုဘာ ၂၆

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များ သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ရှမ်းတောကျေးရွာအနီးအရောက်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။

      ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်း ဖက် PDF များသည် လုံခြုံရေးအဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ကစဥ်ကလျားဆုတ်ခွာ ထွက်ပြေးခဲ့ရသည်ဟု ဒေသခံရွာသားများထံမှ သိရပါသည်။

       အဆိုပါ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် PDF ၂ ဦးကို အမ်-၂၂ သေနတ် ၁ လက်၊ လက် လုပ်သေနတ် ၆ လက်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ အမ်-၂၂ ကျည် ၂၀ တောင့်၊ လက်လုပ်လက်ပစ် ဗုံး ၆ လုံး၊ ယမ်းပျော့ ၇ ချောင်း၊ ဒီတိုနေတာ ၂၀ ချောင်း၊ ပြောက်ကျားယူနီ ဖောင်း ၁ စုံ‌၊ ရီမု ၃ ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN