စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမည်

အောက်တိုဘာ ၂၆

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမည့် စပိန်စူပါဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါ ချန်ပီယံအသင်း ဘာစီလိုနာ ၊ ကိုပါဒယ်ရေးဖလား ချန်ပီယံ နဲ့ လာလီဂါ ဒုတိယအသင်း ရီးယဲလ်မက်ဒရစ် ၊ ကိုပါဒယ်ရေးဖလားမှာ ဒုတိယ ရရှိခဲ့တဲ့ အိုဆာဆူနာ နဲ့ လာလီဂါ တတိယအသင်း အသက်လက်တီကိုအသင်းတို့ ပါဝင် ယှဉ်ပြိုင်းကစားသွားမှာလည်းဖြစ်ပါတယ်။

ဒီအသင်း (၄)သင်းက ဆီမီးဖိုင်နယ် ပုံစံနဲ့ ကစားသွားရမှာဖြစ်ပြီး ရီးယဲလ် နဲ့ အသက်လက်တီကိုတို့က မက်ဒရစ်ဒါဘီ ဆီမီးဖိုင်နယ်ပွဲအဖြစ် ဇန်နဝါရီ (၁၀)ရက်နေ့မှာ ကစားသွားရမှာ ဖြစ်သလို ဘာစီလိုနာ နဲ့ အိုဆာဆူနာတို့က ဇန်နဝါရီ (၁၁)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အနိုင်ရလာသည့် နှစ်သင်းဟာ ဇန်နဝါရီ (၁၄)ရက်နေ့မှာ ဖိုင်နယ်ပွဲကြီးကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါသည်။