အောက်တိုဘာ ၂၆
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ နက်ရှိုင်းလာနေသော်လည်း အစ္စရေး-ဟားမတ်စ် ပဋိပက္ခအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထပ်မံအရေးယူရန် ပျက်ကွက်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများရယူခွင့်၊ အရပ်သားများကို အကာ အကွယ်ပေးခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များကို လက်နက်တပ်ဆင်ခြင်း ရပ်တန့်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ ခေတ္တရပ်ထားရန် တောင်းဆိုထားသည့် အမေရိကန်၏ ဆုံးဖြတ် ချက်ကို ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံးခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို အသိအမှတ်မပြုခြင်းနှင့် အစ္စရေးတွင် မိမိကိုယ်ကို ခုခံပိုင်ခွင့်ရှိသည်ဟူ သော ၎င်း၏ ရဲရင့်သောထုတ်ပြန်ချက်ကို သံတမန်များက တုန်လှုပ်ချောက်ချားစေပြီးနောက် သီတင်းပတ်ကုန်တွင် ထုတ်ပြန်ခဲ့သည့် ကနဦးမူကြမ်းကို အမေရိကန်က လျှော့ချခဲ့သည်။
“ခင်ဗျားတို့ အားလုံးကို ကျွန်တော်တို့ နား ထောင်ခဲ့ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ရုရှားနှင့် တရုတ်တို့ ဗီတိုအာဏာသုံး ပယ်ချပြီးနောက် အဖွဲ့ဝင် ၁၅ ဦးပါ ကောင်စီသို့ ပြောကြားခဲ့သည်။ “ဒီနေ့မဲပေးမှုက ဆုတ် ယုတ်မှုဖြစ်ပေမဲ့ ကျွန်တော်တို့ကို ဟန့်တားခြင်းမပြုဘူး” ၎င်းက ဆိုသည်။
ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၀ ဦးက မဲပေးခဲ့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုက မဲမပေးဘဲ ဘရာဇီးနှင့် မိုဇမ်ဘစ်တို့က ကြားနေခဲ့သည်။
လုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်မှုကို အမေရိကန်က အကြံပြုမှုသည် ရှားရှားပါးပါး လုပ် ဆောင်ချက်ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှု ခေတ္တရပ်ခြင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ကျောထောက်နောက်ခံပြုထားသည့် အပစ်အခတ်ရပ်စဲရေးနှင့် မတူကြောင်း သံတမန်များက မှတ်ချက်ပြုခဲ့သည်။
“ဒီမူကြမ်းဟာ အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲတွေအဆုံးသတ်ရေး ကမ္ဘာ့အပြင်းထန်ဆုံး တောင်းဆိုချက်တွေကို ရောင်ပြန်ဟပ်ခြင်းမရှိသလို ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူမပြုပါဘူး” ဟု တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Zhang Jun က မဲခွဲဆုံးဖြတ်ပြီးနောက် လွှတ်တော်၌ ပြောကြားခဲ့သည်။ “အခုလောလောဆယ်မှာ အပစ်အခတ်ရပ်စဲရေးဟာ သံတမန်ရေးအသုံးအနှုန်းတစ်ခုပဲ မဟုတ်ပါဘူး။ အရပ်သားများစွာ၏ အသက်နှင့် သေဆုံးမှုကို ဆိုလိုပါသည်။” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်၏ ဆုံးဖြတ်ချက် ပျက်ကွက်ပြီးနောက် လုံခြုံရေးကောင်စီသည် လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်ထိုးစစ်မတိုင်မီ ဂါဇာကမ်းမြောင်ဒေသရှိ အရပ် သားများအား တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် အစ္စရေး၏ အမိန့်ကို ရုပ်သိမ်းပေးရန် ရုရှားမှရေးဆွဲထားသော စာသားကို မဲခွဲဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်သည် ရုရှား၏ ဒုတိယမြောက် ကြိုးပမ်းမှုဖြစ်ပြီး ယင်းကြိုးပမ်းမှုသည် လေးမဲသာ ရရှိခဲ့သည်။ ၎င်း၏ ပထမဆုံးကြိုးပမ်းမှုမှာ အောက် တိုဘာ ၁၆ ရက်က ကောင် စီဝင်ငါးဦး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
ရုရှား၏ဆုံးဖြတ်ချက်ကို ကျောထောက် နောက်ခံပြုထားသည့် UAE သံအမတ် Lana Nusseibeh က လုံခြုံရေးကောင်စီသည် ဂါဇာကမ်းမြောင်တွင် ဆိုးရွား သောအခြေအနေများကို သိသိသာသာ တုံ့ပြန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီမှ ရွေးကောက်ခံအဖွဲ့ဝင် ၁၀ ဦးသည် ယခုဆုံးဖြတ်ချက်မူကြမ်းအသစ်ကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း မော်လ်တာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီး Vanessa Frazier က ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၈ ရက်တွင် တင်သွင်းသည့် ဘရာဇီးလ်မှ ရေးဆွဲထားသော ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီး အစ္စရေး၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အလေးပေးလောက်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။ ရုရှားနဲ့ ဗြိတိန်တို့က မဲမပေးဘဲ နေခဲ့သည်။
လုံခြုံရေးကောင်စီ အပိတ်အပင်များကြားတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အာရပ်နိုင်ငံများနှင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေသည့် အခြားနိုင်ငံများမှ တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို သောကြာနေ့တွင် မဲခွဲဆုံး ဖြတ်မည်ဖြစ်သည်။ မည်သည့်နိုင်ငံမှ အထွေထွေညီလာခံတွင် ဗီတို အာဏာမရှိသော်လည်း ၎င်း၏ ဆုံးဖြတ်ချက်များသည် စည်းနှောင်မှုမရှိသော်လည်း နိုင်ငံရေးအလေးချိန်ကို သယ်ဆောင်ထားသည်။
ဂါဇာကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့က လက်တုံ့ပြန်တဲ့အနေနှင့် အောက်တိုဘာ ၇ ရက် တိုက် ခိုက်မှုအတွက် လူ ၁၄၀၀ သေဆုံးပြီး အနည်းဆုံး ၂၀၀ လောက်ကို ဖမ်းဆီးထားတယ်လို့ အစ္စရေးက ပြောပါသည်။
အစ္စရေးသည် ဂါဇာကို ဝိုင်းရံထားပြီး လူပေါင်း ၂.၃ သန်းကို မညှာမတာ ဗုံးကြဲချထားသည်။ စစ်ပွဲစတင်ကတည်းက လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအာဏာ ပိုင်များက ပြောကြားခဲ့သည်။
#PAN