ကုလသမဂ္ဂ၏ စည်းမျဉ်းများမှ သွေဖည်နေသည့် အစီရင်ခံစာများနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက မေးခွန်းထုတ်

အောက်တိုဘာ ၂၆

        (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော် မတီ) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အစီရင်ခံစာများအပေါ် အပြန်အလှန် ဆွေးနွေးမှုကို ပူးတွဲဆွေးနွေးမှု (Combined Briefing) အဖြစ် ၂၃-၁ဝ-၂ဝ၂၃ ရက်တွင် ပြု လုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

       စာရွက်စာတမ်းအမှတ်၊ A/78/278 ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် မခန့်အပ်ရသေးမီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတိပြုစေလိုသည်။

       ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ် ချက်အဆို ၇၇/၂၂၇ အရ နိုင်ငံများသို့အစီရင်ခံရန်နှင့် (၇၈) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင် အပြန်အလှန်ဆွေးနွေးပါဝင်ရန် အထူးကိုယ်စားလှယ်ကိုသာ မေတ္တာရပ်ခံထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ အထူးကိုယ်စားလှယ်ရာထူးနေရာလစ်လပ်နေစဉ်အတွင်း အတွင်းရေး မှူးချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်ရန် လုပ်ပိုင်ခွင့်မရှိပါ။

       ထို့ပြင် ကုလသမဂ္ဂနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary-General Mr. Khaled Khiari သည် အပြန်အလှန်ဆွေးနွေးမှုတွင် ပါဝင်ပြောကြားခဲ့သည်။ သို့ပါ၍ ယခုကဲ့သို့ အထူကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း အလွဲသုံး စားပြုလုပ်သော အတွင်းရေးမှူးချုပ်ရုံး၏လုပ်ရပ်သည် လက်ခံနိုင်ဖွယ်မရှိပါ။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အတွင်းရေးမှူးချုပ်ရုံး၏ ယင်းကဲ့သို့ လျော်ကန်မှုမရှိသော ဆောင်ရွက်ချက်များကို သတိပြုရန်လိုအပ်သည်။ ရေးသားသူမသိရှိရသည့် ယင်းအစီရင်ခံစာအပေါ်မြန်မာနိုင်ငံ၏ သဘောထားကို အဖွဲ့ဝင်နိုင်ငံများထံ ပေးပို့ပြီးဖြစ် သည်။

       မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင် ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews သည် ယင်းနေ့တွင်ပင် ၎င်း၏အစီ ရင်ခံစာကို အဖွဲ့ဝင်နိုင်ငံများထံ တင်ပြဆွေးနွေးခဲ့သည်။ ၎င်း၏အစီရင်ခံ စာသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အကျိုးမပြုဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်းက အထင် အမြင်လွဲမှားစေသည့် ၎င်း၏အခြားသောတရား လက်လွတ် အစီရင်ခံစာများနှင့် များစွာကွဲပြားမှုမရှိပါ။

     အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် PDF အကြမ်းဖက်အဖွဲ့များ၏ လူမဆန်စွာသတ် ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူအရေ အတွက်ကို လက်ခံရန်ဝန်လေးနေဟန်ရှိပြီး အစီ ရင်ခံစာတွင် ထောင်နှင့်ချီသောပြည်သူများသေ ဆုံးမှုကို ရာနှင့်ချီ၍သေဆုံးသည်ဟု အရေ အတွက်များစွာ လျှော့ ပေါ့ဖော်ပြထားသည်။

       မည်သို့ပင်ဖြစ်စေ PDF အကြမ်းဖက်အဖွဲ့များ၏ အလွန်ဆိုးရွား သော ရာဇဝတ်မှုများမှာ တဖြည်းဖြည်းပေါ်လွင်လာရာ အထူးအစီရင်ခံစာတင်သွင်းသူပင်လျှင် ဖုံးကွယ်ရန်မစွမ်းသာတော့ဘဲ ဝန်ခံခဲ့ရသည်။ အစိုးရဆန့်ကျင်ဘက်အုပ်စုများက အပြစ်မဲ့အရပ်သား ၆,၆ဝဝ ကျော် သတ် ဖြတ်ထားသည်မှာ အထောက် အထားမရှိကြောင်း ၎င်းကငြင်းဆိုနေသော်လည်း ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံက သေချာစွာမှတ်တမ်းတင်ထားပြီး သံတမန်လမ်းကြောင်းများမှ တစ်ဆင့် နိုင်ငံ တကာအသိုက်အဝန်းသို့ မျှဝေထားပြီးဖြစ်သည်။

       အထူးအစီရင်ခံစာတင်သွင်းသူသည် ခိုင်လုံ သောအထောက်အထားမရှိဘဲ ၎င်း၏ကိုယ်ပိုင် ထင်မြင်ယူ ဆချက်နှင့် ဆန့်ကျင်ဘက်အကြမ်း ဖက်အဖွဲ့အစည်းများ၏ ပြောကြားမှုများအပေါ် အခြေခံ ၍ မြန်မာနိုင်ငံက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ကောက် ချက်ချထားသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု”၊ “စစ်ရာဇဝတ် မှု”၊ “နိုင်ငံတကာရာဇဝတ်မှု” နှင့် “လူမျိုးသုဉ်းတိုက်ခိုက်မှု” စသည့် အသုံးအနှုန်းများအား အထူးအစီရင်ခံစာ တင်သွင်းသူက တာဝန်မဲ့သုံး နှုန်းခြင်းကို မြန်မာနိုင်ငံကပယ်ချသည်။

      ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးသော စိန် ခေါ်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် ပါဝင်ပတ် သက်သူအားလုံး၏ပါဝင်မှုဖြင့် ရေရှည်တည်တံ့သောအဖြေတစ်ခုရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂ ရက်အထိ ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန (၂)၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဦး ဆောင်၍ ရခိုင်ပြည်နယ်သို့ သံတမန်ခရီးစဉ်သွားရောက်ခဲ့ပြီး တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ပြန် လည်လက်ခံရေး လုပ်ငန်းစဉ်များ၊ ကြိမ်ချောင်း (တောင်) ပြန်လည်နေရာချထားရေးရွာများတွင် နေအိမ်များနှင့် မြေနေရာပြင်ဆင်နေမှုများ၊ လက်ခံရေးစခန်းများတွင် ခေတ္တနေထိုင်စဉ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးအပ်ရေး အစီအမံများဆောင်ရွက်ထားမှုတို့ကို လေ့လာခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် စိစစ်အတည်ပြုပြီးသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရေးကို ဆောလျင်စွာစတင်နိုင်ရန် ဆက် လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

     အထူးအစီရင်ခံစာတင်သွင်းသူသည် ကုလ သမဂ္ဂတာဝန်ရှိသူများက အစိုးရနှင့် ထိတွေ့ဆက် ဆံမှုများဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍လည်း မလျော်ကန်သောအကြံပြုချက်များ ပြုလုပ်ခဲ့သည်။ အစိုးရတစ် ရပ်အနေဖြင့် ပုံမှန်လုပ်ငန်းစဉ်များနှင့်အညီ မိမိ၏ လုပ်ကိုင်ဆောင်ရွက်ချက်များအား ပြည်သူသို့ အသိ ပေးနေခြင်းကို အထူးအစီ ရင်ခံစာတင်သွင်းသူအနေဖြင့် အဘယ်ကြောင့် မရှုစိမ့် ဖြစ်ရသည်ကို နား လည်နိုင်ဖွယ်မရှိပါ။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ မေတ္တာရပ်ခံချက်အရသာ အကူအညီများပေးအပ်ရခြင်းမှာ အခြေခံအကျဆုံးစည်းမျဉ်းဖြစ်သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂတာဝန်ရှိသူများက အစိုးရနှင့်ထိတွေ့ဆက်ဆံနေမှုအပေါ် ပြစ်တင်ရန် မလိုအပ်ပါ။

     အထူးအစီရင်ခံစာတင်သွင်းသူက အစီရင်ခံ စာ၏ အကြံပြုချက်များအခန်းကဏ္ဍတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တောင်းဆိုမှုများ ပြုလုပ်ထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်မှုများ သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှမရှိသည့်တိုင် လုံခြုံရေး ကောင် စီမှ မြန်မာနိုင်ငံအပေါ် အရေးယူမှုများပြုလုပ်ရန်တိုက်တွန်းနေခြင်းသည် ရိုးသားမှု မရှိသော ဆောင်ရွက်ချက်ဖြစ်သည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် ဆန့်ကျင်ဘက်အုပ်စုများဘက်မှ ပြောင်ပြောင်တင်း တင်းစည်းရုံးပေးလျက်ရှိပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုပြုလုပ်ရန် လှုံ့ဆော်လျက်ရှိသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ ယင်းကဲ့သို့ အဆင် ခြင်မဲ့ လုပ်ရပ်များသည် အကျိုး ဆက်ကိုအဓိကခံစားရမည့် မြန်မာပြည်သူများ ၏အကျိုးအတွက် အနည်း ငယ်မျှပင် ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ပြသလျက်ရှိသည်။ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ်မြန်မာနိုင်ငံ၏ တွေ့ရှိချက်များကို အဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေပြီးဖြစ်သည်။

      IIMM နှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီသည် တရားစွဲဆိုသည့် ယန္တရားထူထောင်ရန် လုပ် ပိုင်ခွင့်မရှိဘဲ ယင်း၏လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ IIMM ကို ထူထောင်ခဲ့သည်။ IIMM သည် လူ့အခွင့်အရေးကောင်စီ၏ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ရွေးချယ်ပြီး ဦးတည်ပစ်မှတ်ထားသည့် နိုင်ငံရေးသွတ်သွင်းထားသော ဆုံးဖြတ်ချက်အဆိုမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ရာ စတင် တည် ထောင်ချိန်မှ အစပြု၍ IIMM ၏လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ အသိအမှတ် ပြု လက်ခံခြင်းမရှိခဲ့ပါ။ IIMM က စုဆောင်းခဲ့သည်ဟုဆိုသော သတင်းအချက်အလက်အပိုင်း အစ ၂၃ သန်းနှင့်ပတ်သက်၍ မည်သို့စိစစ် သည်ကိုဖော်ပြထားခြင်းမရှိသဖြင့် ယင်းအချက် အလက်များ၏ မှန်ကန်မှုကို အတည်ပြုနိုင်ခြင်းမရှိပါ။ အစိုးရများထံမှ ထောက်ပံ့ငွေရယူခြင်းမပြုရန် ကုလသမဂ္ဂ အထူးလုပ်ပိုင်ခွင့်ရရှိထားသူများအား တင်းကြပ်စွာတားမြစ်ထားသည့်တိုင် IIMM သည် အချို့သော အစိုးရများထံမှ ထောက်ပံ့ငွေေများကို ပြောင်ပြောင်တင်းတင်းလက်ခံလျက်ရှိသည်။ သို့ဖြစ်ရာ IIMM သည် ၎င်းကို ဖန်တီးသူများ၏ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအပေါ် အကွက်ချအမှုဆင်ရန်အစီအမံ သက်သက်သာဖြစ်သည်။

      အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင်ပါဝင်သည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အကြံပြုချက်များသည် ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ် မဆောင်ရွက်မှု၊ ဘက်မလိုက်မှုစည်းမျဉ်းများနှင့် ဆန့်ကျင်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ပယ်ချသည်။ အပြန်အလှန်ဆွေးနွေးမှုများအတွင်း မြန်မာနိုင်ငံအပေါ် နား လည်ပေးပြီး အပြုသဘောရပ်တည်မှုပေးခဲ့သည့် နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူး တင်ရှိကြောင်း ဖော်ပြအပ်သည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည်။

#PAN