ရုရှားအထည်ချုပ်စက်ရုံတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေး

အောက်တိုဘာ ၂၆

     ရုရှား အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများ လုပ် ဆောင်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ထုတ်ပြန်ခဲ့သည်။   ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် အဖွဲ့ဝင်များသည် ဆန်စပါး၊ ရေထွက်ကုန်၊ ပဲမျိုးစုံနဲ့ နှမ်း၊ သစ်နဲ့ပရိဘောဂကဏ္ဍ၊ အထည်ချုပ်ကဏ္ဍတို့မှ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြီးခဲ့သည့် ရက်ပိုင်းက ကုန်သည် စက်မှုအသင်းချုပ်တွင် တွေ့ဆုံခဲ့ပါသည်။

       တွေဆုံမှုအတွင်း ရုရှားက အထည်ချုပ်စက်ရုံများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန်အပြင် မြန်မာ့နေကြာစိုက်ပျိုး ထုတ်လုပ်ရေးတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်မြေဩဇာကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေး၊ သရက်၊ ပင်မှည့် အစရှိသည့် သဘာဝသစ်သီးများကို ရုရှားဈေးကွက်ထံ ပိုမိုတင်ပို့နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

        လက်ရှိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် တရုတ်အထည်ချုပ်စက်ရုံ ၅၀ ရာခိုင်နှုန်း ကျော်၊ ကိုရီးယားအထည်ချုပ်စက်ရုံ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး နိုင်ငံခြားသားပိုင် စက် ရုံ ၈၀ ရာခိုင်နှုန်းကျော် အထိရှိကြောင်း သိရပါ သည်။

       နိုင်ငံတကာဝယ်လက်ကြီးများ မြန်မာ့အထည်ချုပ်လုပ်ငန်းက ထွက်ခွာသွား ပြီးနောက် ရုရှားအထည်ချုပ်လုပ်ငန်းများ ဝင်ရောက်ရန် စီစဉ်လာခြင်း ဖြစ်ပါ သည်။ လက်ရှိပြည်တွင်း၌ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံပေါင်း ၇၈၈ ရုံရှိနေပြီး ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင် ဘာလကုန်အထိ အထည်ချုပ် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၄,၃၁၆ ဒသမ ၈၉ သန်းကျော် ရရှိထားကြောင်း သိရပါသည်။ 

#PAN