2024 E Sport ကမ္ဘာ့ဖလားကို ဆော်ဒီမိတ်ဆက်

အောက်တိုဘာ ၂၅

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် E Sport ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး မိတ်ဆက်ပွဲကို ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ယမန်နေ့ကပြုလုပ်ခဲ့ပါသည်။

E Sport ပြိုင်ပွဲသမိုင်းမှာ ဆုကြေးအမြင့်ဆုံး ပြိုင်ပွဲဖြစ်လာမည့် 2024 E Sport ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၄ နွေရာသီ ရီယာ့ဒ်မြို့မှာ ကျင်းပသွားမည်ဖြစ်ပါသည်။

မိတ်ဆက်ပွဲအခမ်းအနားကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ဆော်ဒီကလပ် အယ်နာဆာအသင်းတိုက်စစ်မှူး ရော်နယ်ဒိုတို့ တက်ရောက်လာခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက E Sport ကလပ်အသင်းတွေဟာ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့အတွက် ဂိမ်း အမျိုးအစားအမျိုးမျိုးကို ယှဉ်ပြိုင်ကြရမှာဖြစ်တယ်လို့ ဆော်ဒီ E Sport အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖိုင်ဆယ်ဘင်ဘန်ဒါက ပြောသွားခဲ့ကြောင်း သိရပါသည်။