အောက်တိုဘာ ၂၅
ရိုးမားအသင်းနည်းပြ မော်ရင်ဟို ဟာ ပြိုင် ဘက်အသင်းကို လှောင်ပြောင်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အဆိုပါ ပြစ် ဒဏ်ကြောင့် လာမယ့် အောက်တိုဘာလ ၂၉ ရက်မှာ ကစားမယ့် အင်တာမီလန် အသင်းနဲ့ ပွဲစဉ်ကို ကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရိုးမားအသင်းနဲ့ မွန်ဇာအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မော်ရင်ဟိုရဲ့ ရိုးမားက အယ်လ်ရှာရာဝီရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုးရရှိပြီးတဲ့နောက် မော်ရင်ဟိုကပြိုင်ဘက် မွန်ဇာအသင်း ဘက်ကို ရိသဲ့သဲ့လုပ်ပြခဲ့တာကြောင့် မော်ရင်ဟို ကို ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
#PAN