လက်ဘနွန်နှင့် အီတလီကာကွယ်ရေးဝန်ကြီးများအစ္စရေး-ဟားမတ်စ်ပဋိပက္ခနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

အောက်တိုဘာ ၂၅

     လက်ဘနွန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး မောရိုက်ဆလင်သည် ဂါဇာကမ်းမြောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ်ပဋိပက္ခနှင့်စပ် လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ဘေရွတ်မြို့၌ အလည် အပတ်ခရီးရောက်ရှိနေသော အီတလီကာကွယ်ရေးဝန်ကြီး ဗွီဒိုခရော့ဆက်တိုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

       တွေ့ဆုံစဉ်အတွင်း အီတလီကာကွယ်ရေးဝန်ကြီး ခရော့ဆက်တိုက အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွင်း ပြည်ပအဖွဲ့အစည်းများကို အကာအကွယ်ပေးရေး၏ အရေးပါမှုအကြောင်းကို အလေးထားပြောကြားခဲ့သည်။

       ထို့ပြင် အီတလီကာကွယ်ရေးဝန်ကြီးကအပြစ်မဲ့ပြည်သူများအား အကာအကွယ်ပေးရေး တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂယာယီတပ်ဖွဲ့နှင့် လက်ဘနွန်စစ်တပ်အကြား ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရေးတို့ကိုလည်း မီးမောင်းထိုးပြခဲ့သည်။

       အီတလီနိုင်ငံအနေဖြင့် လက်ဘနွန်စစ်တပ်အား စစ်ရေးဆိုင်ရာ အထောက်အပံ့များ ဆက် လက်ပေးသွားရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

#PAN