ရုရှားက ယူကရိန်း၏ ပင်လယ်ပြင်သုံးဒရုန်းများကို ဖျက်ဆီးလိုက်နိုင်

အောက်တိုဘာ ၂၅

       ရုရှားတပ်မတော်မှ ယူကရိန်းစစ်ဘက်၏ ပင်လယ်ပြင်သုံးဒရုန်းများကို ဖျက်ဆီးလိုက်နိုင်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ခရိုင်းမီးယားကျွန်းဆွယ်တောင်ပိုင်း ကမ်းရိုးတန်းအလွန်၌ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် အဆိုပါဒရုန်းများကို ကြားဖြတ် ဖျက်ဆီးလိုက်နိုင်ခြင်းဖြစ် ကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

        ယခုလအတွင်း ပင်လယ်ပြင်သုံးဒရုန်းများအနေ ဖြင့် ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်ရန်ကြိုးပမ်းမှု စုစုပေါင်းသုံးကြိမ်အထိ ရှိပြီဖြစ်ပြီး ထိုသုံးကြိမ်စလုံးကို ရုရှားစစ်ဘက်က ကြိုတင်လက်ဦးမှုယူ ချေမှုန်း လိုက်နိုင်ကြောင်း သိရပါသည်။ အဆိုပါဒရုန်းများ သည် ဒုံးကျည်-ဗုံးစနစ်များ ပါဝင်နိုင်ဖွယ်ရှိပြီး ထိုဒရုန်းများကို ချေမှုန်းပြီးနောက် ဆီဗက် စတိုပိုဆိပ် ကမ်းအပြင်ဘက်၌ မိုင်းရှင်းလုပ်ငန်းစဉ်နှင့် အဖျက်အမှောင့်လုပ်ငန်းများ တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်း စဉ်တို့ကို ဆောင်ရွက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

       ယူကရိန်းအနေဖြင့် ခရိုင်းမီးယားရှိ ရုရှားတို့ ၏ ရေတပ်စခန်းများကို ဖျက်ဆီးနိုင်ရေးအတွက် ပင်လယ်ပြင် သုံး ဒရုန်းများကို ပိုမိုအသုံးပြုလာကြောင်း RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN