မော်လမြိုင်မြိုရှိ (အ.ထ.က-၉) ကျောင်း ဒုတိယအကြိမ်မီးလောင်မှုဖြစ်ပွား

အော်တိုဘာ ၂၅

ယနေ့နံနက် ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို ၊ ပန်းပဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ (အ.ထ.က-၉)ကျောင်း‌ရှိ ကျောင်းဆောင်များ ဒုတိယအကြိမ်ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

ယင်း(အ.ထ.က- ၉)ကျောင်းဆောင်အချို့မှ လွန်ခဲ့သော ဩဂုတ်လ ၃ ရက် ညပိုင်းကလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ယနေ့နံနက် မီးလောင်ကျွမ်းခဲ့သော ကျောင်းဆောင်များကို မော်လမြိုင်မြိုနယ် မီးသတ်စခန်းမှတပ်ဖွဲဝင်များ ၊ အရန် မီးသတ်တပ်ဖွဲဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၄၇ မိနစ်၌ မီး ထိန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၂ ထပ်ကျောင်းဆောင်နှင့် ဦးသာညှင်းဓမ္မာရုံပျက်စီး ဆုံးရှုံးခဲ့ပြီး စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းအဖြစ်အမှန်ကို အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

၎င်းကျောင်းဆောင်များ မီးလောင်းမှုသည် ရှို့မီးဟု ဒေသခံပြည်သူများက ပြောဆိုနေကြကြောင်း ကြားသိရပါသည်။ NUG လက်အောက်ခံ အကြမ်းဖက် PDF များသည် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်ကာ အများပြည်သူပိုင် အဆောက်အဦး များဖြစ်သော စာသင်ကျောင်းများ ၊ ကျေးလက်ဆေးပေးခန်းများ ၊ အစိုးရရုံးအဆောက်အဦးများ ၊လမ်းတံတားများ ၊ တိုးဂိတ်များ စသည်များကို ပစ်မှတ်ထား၍ ဖျက်ဆီးနေကြကြောင်း မြေပြင်သတင်းများအရ အဆက်မပြတ်ကြားသိနေရ၍ နိုင်ငံတော်အနေအဖြင့် အဆိုပါအကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက်သမားများကို ထိရောက်စွာ နှိမ်နင်း ပေးစေလိုကြောင်း ဒေသခံများ၏ တောင်းဆိုသံများ ကျယ်ကျယ်လောင်လောင်ကြားသိရပါသည်။

#PAN