အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကပ်စ်လေဆိပ်တွင် အရပ်သားများ သေဆုံးမှုရှိခဲ့

အောက်တိုဘာ ၂၄

      အစ္စရေးနိုင်ငံက ဒမတ်စကပ်စ်နှင့် အလက်ပိုရှိ လေဆိပ်များကို အောက်တိုဘာလ ၂၂ ရက် အစောပိုင်းက ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒမတ်စကပ်စ်တွင် အလုပ်လုပ်နေသော အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံက ပြောကြားခဲ့သည်။

      အဆိုပါ လေဆိပ်နှစ်ခုတိုက်ခိုက်ခံရမှုကြောင့် ပြေးလမ်းများ လုံးဝပျက်စီးသွားခဲ့ကာ လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့ ရကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာလ ၂၂ ရက် ညပိုင်း ထုတ်ပြန်ချက်၌ ပြောကြားထား သည်။

      ဆီးရီးယားနိုင်ငံက အစ္စရေးနိုင်ငံရဲ့ ထင်ရာစိုင်းမှုနှင့် ရှုံးနိမ့်မှုကို ရှင်းလင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့ပြီး အစ္စရေးနိုင်ငံအနေလည်း ဆီးရီးယားနိုင်ငံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ပါလက်စတိုင်းအပေါ်ထောက်ခံမှု လျော့ပါးစေရန် နောက်ထပ် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

     ယခုကဲ့သို့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ ဒမတ်စကစ်လေဆိပ်အား ယခုလအတွင်း ဒုတိယမြောက် တိုက်ခိုက်ခြင်းဖြစ်သလို အလက်ပိုလေဆိပ်ကိုမူ တတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြထားသည်။