ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ဗုံးဖောက်ခွဲရန်လာသော အကြမ်းဖက် PDF အမျိုးသမီး တစ်ဦး လက်ထဲမှာပင် ဗုံးပေါက်ကွဲ

အောက်တိုဘာ ၂၄

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရုံးခန်းသို့ ယမန်နေ့ နံနက်ပိုင်းက ဗုံးဖောက်ခွဲရန်လာသော အကြမ်းဖက် PDF အမျိုးသမီး တစ်ဦး လက်ထဲမှာပင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF ပပထွန်း၊ ၃၁ နှစ်၊အမှတ်(၁) ရပ်ကွက်၊ရွှေဘိုမြို့နေသူနှင့် အခြား အကြမ်းဖက် PDF အမျိုးသား တစ်ဦးနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရုံးခန်းသို့ ဗုံးဖောက်ခွဲရန်ပြုလုပ်လုပ်စဥ် ပပထွန်း၏လက် ထဲမှာပင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

      ထိုသို့ ဗုံးပေါက်ကွဲရာ ပပထွန်း တွင် လက်နှစ်ဖက် လပ်ချောင်းများပြတ်သွားပြီး ခန္ဓာကိုယ်တွင်ကိုယ်လုံးမီးလောင် ပြင်းထန်ဒဏ်ရာများဖြင့် ရွှေဘိုပြည်သူ့ဆေးရုံတွင်ကုသမှု ခံယူလျှက်ရှိပြီး ၎င်းနှင့်အတူပါလာသော အကြမ်းဖက် PDF အမျိုးသား တစ်ဦးမှာ ထွက် ပြေးလွတ်မြောက်သွားသည်ဟု သိရပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံမှန်ပြူတင်းမှန်များကွဲသွားခဲ့ကြောင်း သိရပါသည်။

      အကြမ်းဖက် PDF များသည် ၎င်းတို့အနေဖြင့် အရပ်သား ကျန်းမာရေးမကောင်းသူများ တက်ရောက်နေသော ပြည်သူများကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခွဲရန်ကြိုစားခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ယုတ်မာရက်စက်သည့် လုပ်ရပ်ဖြစ်သည်။

#PAN