ရုရှား-အိန္ဒိယ ကုန်သွယ်မှု ပမာဏ ၈ လအတွင်း နှစ်ဆကျော် မြင့်တက်လာ

အောက်တိုဘာ ၂၄

      ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား ကုန်သွယ်မှု ပမာဏသည် ၈ လအတွင်း နှစ်ဆကျော်အထိ မြင့်တက်လာကြောင်း၊ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါ က နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံအထိရှိကြောင်း အိန္ဒိယကုန်သွယ်ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

      အိန္ဒိယနိုင်ငံ က ရုရှားနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂ ဘီလီယံရှိကာ ရုရှားနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့မှုမှာမူ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရှိသောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆ ဘီလီယံရှိသည်ကို တွေ့ရသည်။

       ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အမေရိကန်၊ တရုတ်နှင့် ယူအေအီးနိုင်ငံတို့ပြီးနောက် စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ထိုနိုင်ငံများအားလုံးနှင့် အိန္ဒိယနိုင်ငံတို့ကြား ၈ လအတွင်း ကုန်သွယ်မှုပမာဏမှာပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားသည်ကို တွေ့ရသည်။ အမေရိကန်နှင့် ကုန်သွယ်မှုတွင် ၁၀ ရာခိုင် နှုန်း၊ တရုတ်နှင့် ကုန်သွယ်မှုတွင် ၈ ရာခိုင်နှုန်းနှင့် ယူအေအီးနှင့် ကုန်သွယ်မှုတွင် ၉ ရာခိုင် နှုန်းစီ အသီးသီးကျဆင်းသွားခဲ့ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN