မြင်းခြံမြို့နယ်၊ မြို့သာ – မန္တလေးသွား ကားလမ်း တွင် လမ်းဦးစီးအရာရှိ တစ်ဦးနှင့် အငြိမ်းစားဝန်ထမ်း၊အမျိုးသား တစ်ဦးတို့ မောင်းနှင်လာသော မော်တော်ယာဥ်ကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

အောက်တိုဘာ ၂၄

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာနှင့်ထိန်ပန်းကျေးရွာကြား၊မြို့သာ – မန္တလေးသွား ကားလမ်းတွင် လမ်းဦးစီးအရာရှိ တစ်ဦးနှင့် အငြိမ်းစားဝန်ထမ်း၊အမျိုးသား တစ်ဦးတို့ မောင်းနှင်လာသော မော်တော်ယာဥ်ကို အကြမ်းဖက် PDF များက ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရပါသည်။

        ဖြစ်စဥ်မှာ ငါန်း ဇွန်မြို့နယ်၊လမ်းဦးစီးအရာ ရှိ ဦးဝင်းစန်းဦးသည် မြင်းခြံမြို့တွင် ရုံးလုပ်ငန်းများ ဆောင်ရွက်ပြီး ငါန်းဇွန်မြို့သို့ ပြန်လာရာ ၎င်းကမောင်း နှင်ပြီး ကားရှေ့ထိုင်ခုံဘေးတွင် အငြိမ်းစားဝန်ထမ်း၊အမျိုးသား ၁ ဦး(ကိုယ်ရေးစီစစ်ဆဲ)အတူလိုက်ပါလာသော 2K-9312၊CROWN အဖြူရောင်မော်တော်ယာဥ်မှာ မြို့သာ – မန္တလေးသွား ကားလမ်းအတိုင်း မြင်းခြံမြို့ဘက်မှ မောင်းနှင်လာစဥ် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့် အခင်းဖြစ်နေရာအရောက်တွင် အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ မော်တော်ယာဥ်တွင် ယာဘက် ရှေ့/နောက်ဘီး ၂ လုံးပွင့်ထွက်၊မော်တော်ယာဥ် ယာဘက်ခြမ်းနှင့် လေကာမှန်တို့တွင် ပစ်ခတ်ထားသည့် သေနတ်ကျည်ဆံ ပေါက်ထွက်အရာ ၂၀ ခန့်နှင့် ဦးဝင်းစန်းဦးနှင့် အမည်မသိအမျိုးသား ၁ ဦးတို့တွင် ဦးခေါင်း၊နားထင်၊မျက်နှာတို့တွင် သေနတ်ကျည်ဆံ ထိမှန် ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရပါသည်။

      မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အကြမ်း ဖက် PDF များက ပြည်သူလူထုအတွင်း အကြောက်တရားဖြစ်ပေါ်နေစေရန် ယခုလို အရပ်သားပြည်သူ အစိုးရဝန်ထမ်းများကို ပစ်မှတ်ထားသတ်ဖြတ်ခြင်းများပြု လုပ်လျက်ရှိသည်။

#PAN