ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တဲ့ စပါးနည်းပြ ပို့စ်တီကိုဂလူး

အောက်တိုဘာ ၂၄

စပါးနည်းပြပို့စ်တီကိုဂလူးဟာ ဖူလ်ဟမ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် ပွဲဦးထွက်ပွဲစဉ်(၉)ပွဲတွင် အမှတ်အများဆုံးရယူနိုင်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ပိုစတီကိုဂလူး၏ စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲတွင် (၇)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်ဖြင့် (၂၃)မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ပိုစတီကိုဂလူး၏ စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲကစားခဲ့ပြီး ရမှတ်(၂၃)မှတ်ဖြင့် အဆင့်(၁)နေရာမှာ ဦးဆောင်လျှက်ရှိနေပါတယ်။

ယခင်က ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်(၉)ပွဲမှာ ရမှတ်(၂၂)မှတ်စီနဲ့စံချိန်တင်ခဲ့တဲ့ နည်းပြမိုက်ဝေါလ်ကာနဲ့ နည်းပြဟစ်ဒင့်တို့ရဲ့စံချိန်ကို စပါးနည်းပြပို့စ်တီကိုဂလူး ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။