တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုးရှိ

အောက်တိုဘာ ၂၄

      ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။

       ယခုဘဏ္ဍာနှစ်ဧပြီလ ၁ ရက်နေ့မှ အောက် တိုဘာလ ၁၃ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ ဘီလီယံကျော်ဖိုးနှင့် သွင်း ကုန်အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော် ဖိုးရှိပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိသည်ဟု သိရပါသည်။

       ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

       မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုအနေနှင့်  လက် ရှိတွင် ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းတွေကို နေ့စဉ်ကုန် ကားအစီးရေ ၁၂၀ ခန့်နှင့် တရုတ်နိုင်ငံကို တင်ပို့နေပြီး သွင်းကုန် တင်သွင်းမှု အနေဖြင့် ကုန်ကားအစီးရေ ၂၀၀ ကျော် ဝင်ရောက်မှုရှိနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါသည်။

       မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ် စပ် ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းစတဲ့ နယ်စပ်ကုန် သွယ်ရေးစခန်းများတွင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

#PAN