တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ တိရစ္ဆာန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၄

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အောက်တို ဘာ ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ရာတွင် ပုသိမ်မြို့မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း၊ ပုသိမ်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၂၀၈တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၄၅၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၄၄၅၀
ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၂၀ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာ ဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ နယ်အတွင်း၌ လိုင်စင်မဲ့ Honda Wave ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ဟန်ကဒိုင်းကျေးရွာ၌ တရားမဝင် ခဲသတ္တု ကီလိုဂရမ် ၆၃၆ဝ (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၉၀,၈၀၀,၀၀၀)ကို သတ္တုတွင်းဥပဒေအရလည်း ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁,၈၀၀,၀၀၀ ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

      ထို့ပြင် အောက်တိုဘာ ၂၁ ရက်တွင် ကချင် ပြည် နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဗန်းမော်မြို့ ၊သဖန်းပင်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လိုင်စင်မဲ့ Kobelco ဘက်ဟိုးယာဉ် တစ်စီးနှင့် CASE ဘက်ဟိုးယာဉ် တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အလားတူ အောက်တိုဘာ ၂၁ ရက်တွင် ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် 108 ဆပ်ပြာမှုန့် ဂရမ်
၁၂၈၀၀၀၊ OP Puff ထောပတ်မုန့် အထုပ် ၆၀၀ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Zhong Tong Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့ မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Kashiwa ဟင်းချက်ဒယ်နီအိုး အလုံး ၁၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့် မှန်းတန်ဖိုးငွေကျပ် ၇၄,၂၆၅,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း ဂျိုးဖြူကျေးရွာ မိုင်တိုင်အမှတ်(၅၁/၅၂)၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် နွားထီး ခုနစ်ကောင်နှင့် နွားမ တစ်ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀)နှင့် အဆိုပါနွားများတင်ဆောင်လာသည့် Isuzu Truck ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ် – မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၁)မိုင် (၅)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် မြက်ဖြတ်စက်
အလုံး ၂ဝ၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင် ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်း ကောင်း၊ ပြင်ဦးလွင်-မန္တလေးကားလမ်းမိုင်တိုင် အမှတ် (၂၂)မိုင် (၁)ဖာလုံ၌ ပိုင်ရှင်မဲ့ Justus Black ဘီယာ ဘူး ၁၀၀၈၀၊ Hand & Body Lotion ဘူး ၁၄၄၀၀၊ တရုတ်စာတန်းပါ Cracker အထုပ် ၉၆၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၄၀,၀၀၀)ကို လည်း ကောင်း စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၈၉,၀၄၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် အောက်တိုဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ် တစ်စီးပေါ်မှ တရား ဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်း ရွက်ဆီ လီတာ ၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန် ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၁၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇,၆၀၉,၄၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN