ငါန်းဇွန်မြို့နယ်၊ထန်းတပင်ကျေးရွာရှိ ယာတဲတွင် ခိုအောင်းနေသော အကြမ်းဖက် PDF အဖွဲ့များကို သတင်းအရ လုံခြုံရေးစစ်ကြောင်းက သွားရောက်ရှင်းလင်း အကြမ်းဖက် PDF ၂ ဦးကို အကြမ်း ဖက်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ

အောက်တိုဘာ ၂၄

      မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ကျွဲဇိမ်ကျေးရွာအုပ်စု၊ထန်းတပင်ကျေးရွာအနီးရှိ ငါန်းဇွန်မြို့နယ်၊ထန်းတပင်ကျေးရွာနေ ဦးသန်းထွန်း၏ ယာတဲတွင် အကြမ်းဖက် PDF အဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံရွာသားများ၏ သတင်းပေးပို့လာမှုကြောင့် ငါန်းဇွန်မြို့နယ်အတွင်း လှုပ်ရှားတာဝန် ဆောင်ရွက်နေသော လုံခြုံရေးစစ်ကြောင်းက ယနေ့ ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် သွားရောက်ရှင်းလင်းခဲ့သည်ဟု သိရပါသည်။

ထိုသို့ သွားရောက်ရှင်းလင်းခဲ့ရာ ဦးသန်းထွန်း၏ ယာတဲအတွင်းမှ လက်နက်ငယ်ဖြင့် ၂ ချက်ပစ် ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အမည်မသိ အကြမ်းဖက်သမား အသက် ၃၅နှစ်ခန့်၊အင်္ကျီအစိမ်းရောင်အကွက်စိပ်၊ပုဆိုးအညို/အနက်အစင်းကြား ဝတ်ဆင်ထားသူတွင် ရင်ဘတ်မှကျည်ဖောက်ဝင်ပြီး နောက်ကျောမှ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊အသက် ၅၀နှစ်ခန့်၊အင်္ကျီပြာ/ညို ကွက်စိပ်၊ပုဆိုး အနက်/အဖြူ အကွက်စိပ် ဝတ်ဆင်ထားသူတွင် ခါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အသေဖမ်း ဆီးရမိခဲ့သည်။

      အခင်းဖြစ် အနီးဝန်းကျင်ရှိ ဘေးလွယ် အိတ်အတွင်းမှ Redmi ဖုန်း ၁လုံး၊ Samaung ဖုန်း ၁ လုံး၊ Oppo  ဖုန်း ၁ လုံး၊၉၁ လက်ပစ်ဗုံး (ပုံစံတူ) ၁ လုံး၊တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊၉-မမကျည် THAI ARMS ၅ တောင့်၊၉-မမကျည် USA LUGER ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကျန်အကြမ်းဖက် သမားများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။

#PAN