ကော့ကရိတ်မြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသော အကြမ်းဖက်သောင်း ကျန်းသူ KKO နှင့် PDF ပူးပေါင်းအဖွဲ့များကို တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူဖြင့် လိုက်လံရှင်းလင်း

အောက်တိုဘာ ၂၄

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ် ကွက် မြို့အစပ်နားရှိ နန်းကော်တိုးကျေးရွာနှင့် တတန်ကူးကျေးရွာကြားရှိ အကြမ်းဖက်သောင်း ကျန်းသူ KKO နှင့် PDF ပူးပေါင်းအဖွဲ့များ၏ အခြေပြုလူပ်ရှားနေသော ဆင်ကုန်းစခန်းကို လုံခြုံရေးအဖွဲ့များက ယနေ့ နံနက် ၅ နာရီ ၂၇ နာရီအချိန်တွင် ဝင်ရောက်ရှင်းလင်းသိမ်းဆည်းခဲ့ပြီး နံနက် ၆ နာရီ ၃၄ မိနစ်အချိန်တွင် ပစ် ခတ်သံများငြိမ်သက်သွားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

       တဆက်တည်းမှာပင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်သောင်းကျန်းသူ စခန်းချရာနယ်မြေတကြောသို့ ယခုအချိန်ထိ လက်နက်ကြီးပစ်ကူများဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

       ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်အချိန်မှ ၁ နာရီထိ တပ်မတော်လေမှ ရဟတ်ယာဥ် ၁ စီး ဖြင့် ကော့ကရိတ် တောင်ဘက်ခြမ်း အကြမ်းဖက်သောင်းကျန်းသူအခြေပြုစခန်းများကို ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဥ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း၊ ၎င်းအပြင် ကော့ကရိတ်မြောက်ဘက်ခြမ်း အကြမ်းဖက်သောင်းကျန်းသူများလူပ်ရှားရာစခန်း လမ်းကြောင်းများကိုလည်းလေယာဥ် လိုက်လံပစ်ခတ်ကြောင်း ဒေသခံရွာသားများက သတင်းပေးပို့လာပါသည်။

#PAN