အာဖဂန်နစ္စတန်စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁၂၀၀၀ ကျော် ပြန်လည်ရောက်ရှိ

အောက်တိုဘာ ၂၂

       စက်တင်ဘာလမှ လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အာဖဂန်နစ္စတန် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁၂၀၀၀ ကျော်ရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်အကြီး အကဲ မိုမင်အက်ဂါက ပြောကြားသည်။

        ပျမ်းမျှအားဖြင့် မိသားစု ၈၂၀ သို့မဟုတ် ပြည်သူ ၄၀၀၀ ကျော်သည် အပတ်စဉ် ပါကစ္စတန်နိုင်ငံ ဘယ်လ်ချီစတန်မြို့နှင့် ကန်ဒါဟာမြို့ကို ဆက်သွယ်ထားသည့် Spin Boldak နယ်စပ်ဖြတ်ကျော်မှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာကြပြီး ပြန်လာသူအရေ အတွက်မှာ မြင့်တက်လာကြောင်း သိရသည်။

       လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းစစ်ပွဲများကြောင့် ပြည်သူ ၂ ဒသမ ၅ သန်းကျော်သည် ပါကစ္စတန်နိုင်ငံသို့ စစ်ဘေးရှောင်ခဲ့ရသည်။ အလားတူ ပြည်သူ ၂ ဒသမ ၅ သန်းကျော် သည် အီရန်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။

       ပြီးခဲ့သောနှစ်အတွင်း အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ စစ်ဘေးရှောင်အာဖဂန်ဒုက္ခသည် ၂၀၀,၀၀၀ ကျော်သည် ၎င်းတို့၏မွေး ရပ်မြေသို့ ပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

#PAN