သိန္ဒီမြိုနယ်၊ နမ့်ဆလပ်ကျေးရွာအနီး မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူ ၃ ဦးကို ရပ်တန့်ခြင်းမရှိသဖြင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ဖမ်းဆီး

အောက်တိုဘာ ၂၃

       အောက် ၁၈ ရက်နေ့တွင် ရှမ်းပြည်(မြောက်ပိုင်း)၊ သိန္ဒီမြိုနယ်၊ နမ့်ဆလပ်ကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖာတဲကျေးရွာဘက်မှ မသင်္ကာဖွယ်အမျိုးသား ၃ ဦး မောင်းနှင်စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းသော် လည်း ဆက်လက်မောင်းနှင်ထွက်ပြေးသော ကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

       ထိုသို့ ပစ်ခတ်ဖမ်းဆီးရာမှ အကြမ်းဖက်သောင်း ကျန်းသူ KIA အဖွဲမှ တပ်ဖွဲဝင် ၃ ဦးကို AK-47 သေနတ် ၁ လက်၊ ၇.၆၂ × ၃၉ မမကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၂ စီးတိုနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN