သရက်ချောင်းမြိုနယ်ရှိ အကြမ်းဖက် PDF များ အခြေပြုစခန်းတစ်ခုကို ဒေသခံရွာသားများ၏ သတင်းပေးပို့မှုကြောင့် တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်း

အောက်တိုဘာ ၂၃

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြိုနယ်၊ ရငဲကျေးရွာတွင် အကြမ်းဖက် PDF များ ယာယီအခြေ ပြုစခန်းဖြင့် ခိုအောင်းနေကြောင်း ဒေသခံရွာသားများ၏ သတင်းပေးပို့ လာမှုကြောင့် နယ်မြေခံတပ်မတော်စစ်ကြောင်းက အောက် တိုဘာလ ၂၁ ရက်နေ့တွင် လျှပ်တပြက်ဝင်ရောက် ရှင်းလင်းတိုက်ခိုက်ရာ အကြမ်း ဖက် PDF များ ကစဥ်ကလျားထွက်ပြေးသွားကြရကြောင်း သိရပါသည်။

      ထိုသို့ တပ်မတော်စစ်ကြောင်းက  အကြမ်း ဖက် PDF စခန်းကို အသေးစိတ်ရှင်းလင်းရာ အကြမ်းဖက် PDF ၄ လောင်း၊ အမ်(၁၆) ၂ လက် ၊ ကျည်အိမ် ၇ ခု၊ ကျည်  ၃၃၃ တောင့်၊ ရီမုမိုင်းခလုတ် ၁ ခု တိုကို သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များမှာ အချိန်ကြာလာသည်နှင့်အမျှ ဒေသခံရွာသူ၊ ရွာသားများက ထောက်ခံအားပေးခြင်းမရှိသည့်အပြင် လိုလားမှုမရှိတော့သဖြင့် ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက် သတင်းပေးပို့လာကြပါသည်။

#PAN