အောက်တိုဘာ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာမှာ အကြမ်းဖက် PDF ခေါင်းဆောင် အောင်ကိုလတ် (ခ) မုတ်ဆိတ် ဦးဆောင်းသည့် အကြမ်းဖက် PDF အဖွဲ့က ၎င်းတို့နယ်မြေအတွင်းရှိ ယာယီပိတ်ထားသော စာသင်ကျောင်းများကို ပြန်ဖွင့်ပြီး CDM ကျောင်းဆရာ/ဆရာမများနှင့် အစား ထိုးသင်ကြားရန် ကျောင်းသားမိဘတွေကို ခေါ်ယူဖိအားပေးခဲ့သည်ဟု သိရပါသည်။
ကျောင်းသားမိဘများက CDM ကျောင်း ဆရာ / ဆရာမများ စာသင်ကြားမည်ကို မလို လားဘဲ ကန့်ကွက်ခဲ့သဖြင့် PDF ခေါင်းဆောင်မုတ်ဆိတ်၏ အစီအစဥ်တွေပျက်သွားခဲ့ပြီး ကျောင်းသားမိဘတွေကို စိတ် ဆိုးဒေါသထွက်နေကြောင်း သိရပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်း KNU တပ်မဟာ(၁)နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက ဖွင့်လှစ်ပြီးစာ သင်ကြားနေသည့် အစိုးရစာသင်ကျောင်းများကို ဖွင့်လှစ်ခြင်းမပြုရန်၊ ရက်အကန့်အသတ်မရှိ ပိတ်ထားရန် ခြိမ်းခြောက်ပြောဆိုခြင်း၊ စာသင်ကျောင်းများတွင် ထုတ်ပြန်ချက်စာများကို ကပ်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြခြင်းကြောင့် ကျိုက်ထိုမြို့နယ်အတွင်းက စာသင်ကျောင်း ၅ ကျောင်း၊ ဘီလင်းမြို့နယ်အတွင်းက စာသင် ကျောင်း ၂၈ ကျောင်း ကို ဇူလိုင်လအတွင်းတွင် ပိတ်ထားလိုက်ရပါသည်။ ထိုသို့ ကျောင်းများပိတ်လိုက်ရသည့်အတွက် ကျိုက်ထိုမြို့နယ်အတွင်းက စာသင် ကျောင်း ၅ ကျောင်းမှ ကျောင်း သား/သူ ၄၇၀ ဦး၊ဘီလင်းမြို့နယ်အတွင်းက စာသင် ကျောင်း ၂၈ ကျောင်းမှ ကျောင်းသား/သူ ၃၃၃၂ ဦးတို့သည် ယခုနှစ် ပညာသင်ကြားခွင်ဆုံးရှုံးပြီး ပညာမဲ့လူတန်းစာတွေဖြစ်ပေါ်အောင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့များက လုပ်ဆောင်ခဲ့ကြသည်။
#PAN