အစ္စရေး-ဟားမတ်စ်စစ်ပွဲ နောက်ဆုံးရ သတင်းများ- ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူဦးရေ ၅,၀၀၀ ကျော်သွားပြီဟု ထုတ်ပြန်

အောက်တိုဘာ ၂၃

       ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နှင့် အစ္စရေးတို့ကြား အောက်တိုဘာ ၇ ရက် စစ်ပွဲ စတင်ချိန်မှစ၍ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ ဒဏ်ရာရသူပေါင်း ၁၅၀၀၀ ကျော်ရှိကြောင်း အာဏာပိုင်များက ပြောသည်။

     ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် က အစ္စရေးကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၄၀၀ ထက်မနည်း သေဆုံးပြီး ဓားစာခံ ၂၀၀ ကျော်ကို ခေါ်ဆောင်သွားခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်ရှိလာပြီ ဖြစ်သည်။ အဆိုပါအရေ အတွက်များကို CNBC သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

       ဟားမတ်စ်အဖွဲ့ အပြည့်အ၀ လက်နက်ချခြင်းနှင့် အစ္စရေး ဓားစာခံများ ပြန်လာခြင်းသည် ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏စစ်ပွဲကို အဆုံးသတ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ဂျိုနသန်ကွန်ရီကပ်က ABC Radio Melbourne သို့ ပြောကြားခဲ့သည်။

      “ဒီမှာ ရည်ရွယ်ချက်က ဟားမတ်စ်တွေကို သူ့ရဲ့ စစ်ရေးစွမ်းရည်ကနေ လုံးလုံးလျားလျား ချေ မှုန်းပစ်ဖို့ပါ။ ဝေဟင်ကနေပြီးတော့ မဆုတ်မနစ်တဲ့ အစီအမံတွေနဲ့ ကျနော်တို့တပ်တွေကို အကန့် အသတ်နဲ့ ထိတွေ့ပြီး မြေပြင်မှာ ထိခိုက်မှုနည်းရင် အဲဒါက သိပ်ကောင်းပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

      တချိန်တည်းမှာပဲ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် Josep Borrell က အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ခေတ္တရပ်ထားဖို့ တနင်္လာနေ့မှာ တောင်းဆိုလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

      ဂါဇာကမ်းမြှောင်ရှိ မြေပြင်စစ်ဆင်ရေးအတွက် တပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှုနှင့် စွမ်းရည်များ တိုး တက်စေရန်အတွက် ၎င်းစစ်သားများသည် လေ့ကျင့်ရေးအမျိုးမျိုးကို ပြုလုပ်နေကြောင်း အစ္စရေးကာ ကွယ်ရေးတပ်ဖွဲ့က တနင်္လာ နေ့တွင် ပြောကြားခဲ့သည်။

      လူမှုမီဒီယာဝဘ်ဆိုက် Telegram တွင် ပို့စ်တစ်ခု၌ ခြေလျင်တပ်များ၊ သံချပ်ကာတပ်များနှင့် နောက်ထပ်တပ်ဖွဲ့များသည် “ကွဲပြားခြားနား သော တိုက်ပွဲအခြေ အနေများစွာ” အတွက် ပြင်ဆင်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။

      ဝေဟင်နှင့် မြေပြင်တပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှု တင်းကျပ်ရန် အစည်းအဝေးများ ကျင်း ပနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

       အစ္စရေးသည် ဂါဇာကမ်းမြောင်သို့ ကြီးမား သော မြေပြင်ကျုးကျော်မှုကို စတင်ရန် မျှော်လင့်နေချိန်တွင် အဆိုပါ အဆင့်မြှင့်တင်မှု ထွက်ပေါ် လာခြင်းဖြစ် သည်။ IDF ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကပ်စ်က အဆိုပါ တိုက်ခိုက်မှုကို ဟားမတ်စ်များ လက်နက် ချပြီး အစ္စရေး ဓားစာခံများ ပြန်လာရေးအပေါ်အခြေခံ ၍ တားဆီးနိုင်ကြောင်း ပြောကြားထားသည်။

#PAN