အွန်လိုင်းချေးငွေ App အတုများ သတိထားရန် နှိုးဆော်

အောက်တိုဘာ ၂၂

      အွန်လိုင်းမှ ချေးငွေအမည်ခံ အက်ပလီကေးရှင်းအတုများ အသုံးပြုပြီး လိမ်လည်မှု များပြားလာသည့်အတွက် သတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ သိရပါသည်။

       အဆိုပါ အက်ပလီကေးရှင်းများကို Download ဆွဲပြီး ဝင်လိုက်တာနှင့် အသုံးပြုသူ၏ မိုဘိုင်းဖုန်းတွင်ပါသည့် ကင်မရာ၊ ဖုန်းနံပါတ်များ၊ တည်နေရာများ၊ အီးမေးလ်နှင့် လူမှုကွန်ရက်အကောင့်များ အပါအဝင် အချက် ၇ ချက်ကို အသုံးပြုခွင့်ပေးရန် တောင်းဆို ချက် (Permissions)များကို လက်ခံခိုင်းပြီး အသုံးပြုသူက လက်ခံလိုက်သည့်အခါတွင် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို အက်ပလီကေးရှင်းမှတစ်ဆင့် သိသွားနိုင်သည့်အတွက် အန္တရာယ်ကြီးသည်ဟု ဆိုပါသည်။

      ထိုကဲ့သို့ Permissions များကို လက်ခံလိုက်ပြီးပြီဆိုပါက အက်ပလီကေးရှင်းကို အသုံးပြုသူ၏ ဖုန်းထဲတွင်ရှိသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ ဖုန်းနံပါတ်များ၊ အီးမေးလ်နဲ့ လူမှုကွန်ရက်အကောင့်များ၊ Mobile Banking အကောင့်များနှင့် တည်နေရာများကိုပါ အက်ပလီကေးရှင်းကို ရေးဆွဲထားသူက သိရှိသွားခြင်းကြောင့် လိမ်လည်ခြိမ်းခြောက်၍ ငွေတောင်း ခံခြင်းများ၊ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်ကို အလွဲအသုံးပြုခြင်းများ အပါ အဝင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သည်အထိ ဆိုးရွားနိုင်သည်ဟု သိရပါသည်။

      မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ၎င်းအက်ပလီကေးရှင်းများနှင့် ပတ်သက်၍ ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ပြည်သူတွေအနေနှင့်လည်း သတိပြုကြရန်လိုကြောင်း သိရပါသည်။

#PAN