လူသားချင်းစာနာထောက်ထားမှုအကူအညီများ သယ်ဆောင်လာသည့် ထရပ်ကားများ အီဂျစ်နိုင်ငံမှ ဂါဇာကမ်းမြောင်သို့ စတင်ဝင်ရောက်

အောက်တိုဘာ ၂၂

     လူသားချင်းစာနာထောက်ထားမှု အကူအညီ
များ သယ်ဆောင်လာသည့် ထရပ်ကားများသည်
ရာဖာနယ်စပ်ကိုဖြတ်၍ အီဂျစ်နိုင်ငံမှ ဂါဇာကမ်း
မြောင်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း ယနေ့
သတင်းများအရ သိရသည်။

      အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကိုဟားမတ်စ် တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးက ဂါဇာကမ်းမြောင်ကို ပိတ် ဆို့ထားပြီးနောက် ပထမဆုံးအကြိမ် ခွင့်ပြုခြင်းဖြစ်သည်။

      အီဂျစ်သမ္မတ အယ်လ်စီစီသည် ဂါဇာကမ်းမြောင် ဒေသရှိ ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသည့် ထရပ်ကားအစီး ၂၀ ပေးပို့နိုင်ရန် နယ်စပ်ဖြတ်ကျော်မှုကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

       အစ္စရေးတပ်ဖွဲ့များသည် လွန်ခဲ့သည့် နှစ်ပတ်
အတွင်း နယ်စပ်စစ်ဆေးရေးဂိတ်ကို လေးကြိမ်
တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများကို ဖြတ်သန်းခွင့်မပြုဟု ငြင်းဆိုခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

      အစ္စရေးတပ်မတော်သည် ဂါဇာနှင့် အီဂျစ်ကြား နယ်နိမိတ်ကို တင်းကျပ်စွာ ထိန်းချုပ်ထား သည်။ ဂါဇာကမ်းမြောင်သို့ လက်နက်များ ခိုးသွင်းခြင်းမှ ကာကွယ်ရန်အတွက် နယ်စပ်ဒေသရှိ ဥမင်လိုဏ်ခေါင်းများကို ဖျက်ဆီးရန်ရည်ရွယ်၍ လေကြောင်း တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

       လက်ရှိတွင် ထရပ်ကားများကို လက်နက်များ
သယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးရန်နှင့် ပတ် သက်ပြီး အစ္စရေးနှင့် အီဂျစ်တို့သည် သဘော ထားကွဲလွဲမှုများရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

      အဆိုပါအခြေအနေများကြောင့် ယခုထောက် ပံ့ရေး ပစ္စည်းများသည် ဂါဇာကမ်းမြောင်ရှိ ပြည်သူ ၂ ဒသမ ၂ သန်းထံသို့ ရောက်ရှိမည်လားဆို သည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

#PAN